များများဖတ်ရန်
  • အနောက်တိုင်း အစားစာ / အခြား အစားစာ
  • K.2000-5000
  • K.2000-5000

Zeekwet Sky Bar Restaurant

Zeekwet Sky Bar Restaurant ကို အမှတ် ၈၅၂ ဒီ/အီး ၊ ရှုခင်းသာလမ်း ၊ သာကေတ မြို့ နယ် ၊ ရန်ကုန်မြို့ တွင် ဖွင့်လှစ်ထားရှိတာ ဖြစ်ပါသည်။ ယခု ဘားမှာတော့ အဓိကအားဖြင့် European အစားအစာများနှင့် အရှေ့ တိုင်း အစားအစာများကို အဓိက ရရှိနိုင်ပါသည်။ ဒါ့အပြင် အရက်ဘီယာမျိုးစုံ ၊ ၀ိုင်မျိုးစုံ ၊ ကော့တေးများ နှင့် မော့တေးများကိုလည်း မှာယူသုံးဆောင်နိုင်ပါသည်။ လူကြိုက်အများဆုံး အစားအစာ ဟင်းလျာတွေကတော့ Chinese Style ခရမ်းသီးအနှစ်အရသာနဲ့ ပြည့်စုံတဲ့ ကြက်သားခရမ်းသီးချက် ၊ Malay Style ထောပတ်sauceရဲ့အရသာကို ကြက်ကြော်ရွရွလေးပေါ်မှာ ခံစားရမဲ့
Fired chicken with Butter sauce & Curry leaf ၊ Thai Style စပ်စပ်လေးနဲ့ အရသာရှိတဲ့ ကြက်ပင်စိမ်း ၊ Chinese Style ခရုဆီအရသာရဲ့အချိုဘက်ကိုအားပြုပြီး ငရုပ်ကောင်းအရသာအတိုင်းပူရှိန်းရှိန်းလေးနဲ့
Black pepper pork with capsicum ၊ Thai Style ပုဇွန်သား နူးနူးအိအိလေးနှင့်အတူ ချဉ်စပ်အရသာကိုပါခံစားရမဲ့ Prawn Salad Raw ၊ Chinese Style နူးညံ့တဲ့ ဝက်သား၊ မျှစ်ချဉ်၊ ခရမ်းချဉ်သီးအနှစ်ရဲ့ ချဉ်စိမ့်ချဉ်စိမ့် အရသာတို့ကို ပေါင်းစပ်ထားတဲ့ Pork Belly with Pickled Bamboo Shoot စသည်တို့ဖြစ်ပါသည်။ ဈေးနှုန်းတွေ အနေဖြင့် 2000 ကျပ်မှ စတင်ကာ 5000 ကျပ်ဝန်းကျင် ကျသင့်မည်ဖြစ်ပါသည်။ ဆိုင်အပြင်အဆင် အနေဖြင့် ခန်းနား လှပစွာ ပြင်ဆင်ထားရှိပြီး နှစ်ဆယ့်လေးနာရီ ဖွင့်လှစ်ပါသည်။ ရန်ကုန်မြို့နဲ့ ရန်ကုန်မြစ်တို့ရဲ့ အလှတို့ကို သာယာနာပျော်ဖွယ် ပတ်ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းများနဲ့ အစားအသောက်ကောင်းများနဲ့ တကွ အပန်းဖြေခံစားရန် သာကေတ Yangon Waterboom အနီးက Uptown Hotel အပေါ်ဆုံးထပ်ရှိ ဇီးကွက် Skybar သို့ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။

Zee Kwet Skybar

ထောက်ခံချက် အမှတ်အသား