များများဖတ်ရန်
  • ၈ျပန် အစားစာ
  • K.2000-28000
  • K.2000-28000
Grilled Salmon Head
Chicken Gyoza
Mix Sashimi

Yuki ဂျပန် စားသောက်ဆိုင် ကိုတော့ ၆ မိုင်ခွဲ ၊ မရမ်းကုန်းမြို့ နယ် မှာ ဖွင့်လှစ်ထားတဲ့ Market Place By City Mart ရဲ့ အပေါ်ထပ်မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ကစတင် ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ ဂျပန် စတိုင်ပြုလုပ်ထားသော ဆိုင်အတွင်းပိုင်း အပြင်ဆင်၊ သန့် ရှင်းသပ်ရပ်မှု့ ၊ နွေးထွေးပြီးသက်တောင့်သက်သာရှိတဲ့ ဆိုင် အပြင်ဆင် များနှင့် ၀န်ဆောင်မှု့ လည်းကောင်းမွန်ပါတယ်။ ဆိုင်ရဲ့ အဓိက အစားအစာ ကတော့ ဂျပန် အစားအစာ ဖြစ်ပြီး အတွေ့ ကြုံ ရင့်ကျက်သော စားဖိုမှူးကြီး များ မှ ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

အရသာ ရှိသော ဂျပန် အစားအစာ မျိုးစုံ ကိုရရှိနိုင်ပြီး ဂျပန် လ္ဘက်ရည် ၊ ဂျပန် ဆာကေး နှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါတယ်။ Sushi Bento, Bento Box, Ramen, Salmon and Sashimi တို့ ကတော့  ဆိုင်ရဲ့ လူကြိုက်အများဆုံး နှင့် အရောင်းရဆုံး အစားအစာတွေ ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကို သွားစားမယ် ဆိုရင်တော့ King Crab လို့ ခေါ်တဲ့ လတ်ဆတ်ပြီး ကြီးမားတဲ့ ဂဏန်းဟင်းလျာ ကို မြည်းစမ်းကြည့်ဖို့ အကြံပြု ချင်ပါတယ်။

ကောင်းမွန်သော ဆိုင်ပတ်ဝန်းကျင် နှင့် လေကောင်း လေသန့် လည်းရရှိသောကြောင့် မိတ်ဆွေ များနှင့် ဖြစ်စေ ၊ ကိုယ်ချစ်ရတဲ့ သူတွေ နှင့် အစားသောက်ကောင်း များ စားသောက်နိုင်သောဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ စားသောက်ခန်းမ မှာ ဧည့်သည် ၃၀ ခန့် စားသုံးနိုင်ပြီး Business Dining, Family Dining, Group Party နှင့် Birthday Party များကိုလည်း ကျင်းပနိုင်ပါတယ်။ အထူးသဖြင့် ဒီဆိုင်လေး ကတော့ ဆိတ်ငြိမ်အေး ချမ်းစွာ စားသုံးလိုသူတွေ အတွက် အဆင်ပြေပြီး ၆ မိုင်ခွဲ Market Place by City Mart မှာ ဈေးဝယ်ထွက် လည်ပတ်ပြီးနောက် တစ်ခေါက်လောက် ၀င်ရောက်စားသုံးကြည့်လိုက်ပါ။ အရသာ ရှိတဲ့ ဂျပန်အစားအစာ များက လူကြီးမင်းတို့ ကိုစိတ်ကျေနပ်မှု့ ရရှိစေမှာ အမှန် ပင်ဖြစ်ပါတယ်။

YuKi Japanese Restaurant

  • ၈ျပန် အစားစာ
  • ရာမန် | ဆူရှီ
  • ဂျပန်
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ဘီဝိုင်အိုဘီ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | ကလေး | အမျိုးသား | အမျိုးသမီး
  • +959455820720
  • 10:00 AM - 10:00 PM ( ဘာမှမရှိပါ )
  • 6.5 miles, Market Place by City Mart, Pyay Road, Mayangone Township, Yangon.
  • Facebook
  • 30

ထောက်ခံချက် အမှတ်အသား