များများဖတ်ရန်
  • ၈ျပန် အစားစာ
  • K.7500-10000
  • K.12000-18000

Yokozuna ဆိုင်လေးသည် မဟာဗန္ဒုလ လမ်း နှင့် ဗိုလ်မြတ်ထွန်း လမ်းထောင့် ၊ ဗိုလ်မြတ်ထွန်းတာဝါတွင် တည်ရှိပြီး အရသာရှိ ဂျပန်ခေါက်ဆွဲများစွာ ရရှိနိုင်သော ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါသည်။
ဆိုင်ဖွင့်ချိန်တွေကတော့ နေ့စဉ် နေ့လည် (၁၁) နာရီ မှ (၂) နာရီ အထိဖြစ်၍ ညနေ (၅) နာရီ မှ ည (၁၀) နာရီခွဲအထိ ဖြစ်ပါသည်။
ဆိုင်လေးရဲ့ အပြင်အဆင်ကတော့ အတွင်းပိုင်းကို ရိုးရှင်းလှပစွာ ပြင်ဆင်ထားသောကြောင့် စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှပါသည်။ ဆိုင်လေးက သေးငယ်သော်လည်း လူဦးရေ (၃၅) ဦး အထိ ဈေးနှုန်းသက်သက်သာ ဖြင့် စားသောက်နိုင်ပါသည်။
Yokozuna Yangon Japanese Noodle Restaurant သည် အရသာ ထူးရှယ် ကောင်းမွန်သော ဂျပန် စားသောက်ဆိုင်လေးတစ်ဆိုင် ဖြစ်ပြီး အစာပြေ စားသောက်နိုင်သော ဂျပန် စတိုင်လ် အစားအစာများ၊ Beers၊ Shake နှင့် ဂျပန် Shouchuu များကိုလည်း ဈေးနှုံးသက်သက်သာသာ နှင့် စားသောက်နိုင်ပါသည်။
ဆိုင်မှာ ရရှိနိုင်သော အစားအစာများကတော့ Tokatsu Ramen, Gekikara (Spicy) Ramen, Rice Curry, Yakitori (Grilled Chicken) နှင့် Kirin Draft Beer တို့ကိုရရှိနိုင်မှာပဲဖြစ်ပါသည်။
ဝန်ဆောင်မှု့ ကောင်းမွန် မြန်ဆန် ပြီး ၀န်ထမ်းများ မှာလည်း ဖော်ရွေ ကာ ဂျပန် ဘာသာ စကားပြောဆိုနိုင်သော ကြောင့် နိုင်ငံခြားသား ဧည့်သည် များအတွက်လည်း အဆင်ပြေတဲ့ ဆိုင်လေးပဲဖြစ်ပါသည်။
ဒါကြောင့် သန့် ရှင်းလတ်ဆတ်သော ဂျပန် အစားအစာ များကို အရသာ မပျက် စားသုံးချင်တယ်ဆိုရင်တော့ Yokozuna Yangon Japanese Noodle Restaurant ကို သာ တစ်ခေါက်လောက် အရောက်သွားကြည့်လိုက်ပါ။ အရသာ ပြည့်ဝ သော ဟင်းလျာ များကို ကိုယ်ချစ်ရတဲ့သူ ၊ မိသားစု များ နှင့် မိတ်ဆွေများနှင့် မျှဝေ စားသုံးနိုင်ပါပြီ။
Yokozuna Yangon Japanese Noodle Restaurant မှ လူကြီးမင်းအား အကောင်းဆုံးသော ၀န်ဆောင်မှု့ များပေးရန် စောင့်မျှော်နေပါသည်။

Yokozuna Yangon Japanese Noodle Restaurant

ထောက်ခံချက် အမှတ်အသား