များများဖတ်ရန်
  • အခြား အစားစာ
  • K.1000-18000

Two Peck Crispy Chicken ကြက်ကြော်ဆိုင်လေးသည် နံပါတ် ၂၆၂ ၊ ဗာဂရာလမ်းမကြီး ၊ စမ်းချောင်းမြို့နယ် တွင် တည်ရှိပါသည်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် ၁၀ခွဲမှ စတင် ဖွင့်လှစ်ကာ ည ၁၀ နာရီထိ ဖြစ်ပြီး ပိတ်ရက်မရှိ နေ့စဉ် ဖွင့်လှစ်ပါသည်။ ဆိုင်အပြင်အဆင် အနေဖြင့် စတိုင်ကျ ရိုးရှင်းလှပကာ ၊ ကျယ်ဝန်းပြီး ဆိုင်နှစ်ထပ်ဖြစ်ပြီး ၊ သန့်ရှင်းသပ်ရပ်ကာ ၊ သန့်ရှင်းတဲ့ပတ်ဝန်းကျင်နှင့် ခေတ်မှီလှပသော ဆိုင်လေးတစ်ဆိုင် ဖြစ်ပါသည်။ ဆိုင်တွင် ရရှိနိုင်တဲ့ အစားအစာတွေကတော့ ကြက်ကြော် ၊ အာလူးချောင်းကြော် ၊ ကြက်သားတုံးကြော် ၊ ကြက်ခြေထောက်ကြော် ၊ ကြက်တောင်ပံကြော် ၊ ကြက်သား ဘာဂါ ၊ ကြက်ပေါင်သား ၊ ထမင်း ၊ Cappuccino ၊Americano Coffee ၊ Ice Americano Coffee ၊latte Coffee ၊Ice Latte Coffee ၊Ice Lemon Tea ၊Milk Tea နှင့် Soft Drink တို့ဖြစ်ပါသည်။ ပျှမ်းမျှဈေးနှုန်း အနေနှင့် တစ်ယောက်ကို နေ့လည်စာ နှင့် ညစာတို့တွင် ၁၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ ကျသင့်နိုင်ပါသည်။ ဆိုင်တွင် ဧည့်သည် အယောက် ၆၀ ခန့် တစ်ပြိုင်တည်း စားသုံးနိုင်ပါသည်။ ဆိုင်တွင် နာမည်ကြီးတဲ့ အစားအသောက်တွေ ကတော့ ကြက်သားကြော် ၊ ကြက်သားဘာဂါ ၊ ထမင်း နှင့် အာလူးချောင်းကြော် တို့ ဖြစ်ပါသည်။ ဆိုင်လေးသည် သူငယ်ချင်းများ ၊ မိသားစုများ ၊ group party များ နှင့် ချစ်သူစုံတွဲများ သွားရောက်လည်ပတ်လို့ ကောင်းသည့် ဆိုင်လေးတစ်ဆိုင် ဖြစ်ပါသည်။

Two Peck Crispy Chicken

ထောက်ခံချက် အမှတ်အသား