များများဖတ်ရန်
  • ကိုရီးယား အစားစာ / အီတာလီလျံ အစားစာ / အနောက်တိုင်း အစားစာ
  • K.10000-30000
  • K.10000-30000

365 Café ( Market Place by City Mart ) ကိုတော့ မရမ်းကုန်းမြို့ နယ်၊ ၆ မိုင်ခွဲမှာ ရှိတဲ့ Market Place by City Mart ရဲ့ အပေါ်ထပ်မှာ ဖွင့်လှစ်ထားပါသည်။ 365 ကတော့ ရန်ကုန်မြို့ တွင် ဆိုင်ခွဲ သုံးဆိုင်ဖွင့်လှစ်ထားပါသည်။

ခေတ်မှီ စတိုင်ကျလှပသော ဆိုင်အတွင်းပိုင်းအပြင် အဆင်များ နှင့် သန့် ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာ ရှိတဲ့ နေရာ ထိုင်ခင်းများက တော့ လူကြီးမင်းတို့ ရဲ့ အကောင်းဆုံး Dining ကို အေးအေးချမ်းချမ်း စားသုံးနိုင်မှာ ဖြစ်ပါသည်။ ဆိုင်မှာတော့ နိုင်ငံတကာ အစားအစာ များကို ရရှိနိုင်ပြီး available A La Cart Menu, Salad, Appetizer, Pasta, Steak, Burger & Sandwiches, Vegetables နှင့် Home Make Soup များကိုလည်း ရရှိနိုင်ပါသည်။ သောက်စရာ အတွက်ကတော့ Hot Coffee, Ice Coffee, Smoothies, Frappe, Milk Shake နှင့် Tea တို့ ကို ရရှိနိုင်ပါသည်။

Steak, A La Cart Menu, Appetizers နှင့် Pasta တို့  လူကြိုက် အများဆုံး ဟင်းလျာ များဖြစ်ပြီး Menu များမှ မိမိ ကြိုက်နှစ်သက်ရာ နေ့ လည်စာ နှင့် ညစာ များကို ရရှိနိုင်ပါသည်။ ဟင်းလျာ များအားလုံးကိုတော့ အတွေ့ ကြုံ ရင့်ကျက်သော စားဖိုမှူးကြီးများ မှ ပြင်ဆင်ပေးထားကာ အကောင်းဆုံး အရသာ ကို မြည်းစမ်းနိုင်သောကြောင့် နိုင်ငံခြားသား အများစု ရဲ့ ထောက်ခံအားပေးမှု့ ကို ရရှိထားသော ဆိုင်ဖြစ်ပါသည်။


ဆိုင်ရဲ့ စားသောက်ခန်းမမှာ ဧည့်သည် ၈၀ ခန့် စားသုံးနိုင်ပြီး Market Place by City Mart မှာဈေးဝယ်ထွက်ပြီးနောက် နိုင်ငံတကာ အစားအစာ များကို အရသာ ရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံတကာအစားအစာ များကို အရသာ ရှိရှိ စားသုံးချင်တယ်ဆိုရင်တော့ 365 ကဖေး နှင့် စားသောက်ဆိုင်ကို သာအရောက်သွားကြည့်လိုက်ပါ။ ဖော်ရွေသော ၀န်ထမ်းများ ၊ ၀န်ဆောင်မှု့ ကောင်းမွန်မှု့ နှင့် အရသာရှိပြီး ဈေးနှုန်းသင့်တင့်သော Menu များက လူကြီးမင်းတို့ ကို စိတ်ကျေနပ်မှု့ ရရှိစေမှာ ဖြစ်ပါသည်။
အထူးသဖြင့် 365 Café ကတော့ ချစ်သူ၊ သူငယ်ချင်းများနှင့် သွားရောက်စားသုံးရန်အတွက် ပြီးပြည့်စုံသော ဆိုင်လေးဖြစ်ပြီး Business Dining, Family Dining နှင့် Group Party များကိုလည်း ဈေးနှုန်းသက်သာစွာ ကျင်းပနိုင်ပါသည်။




Three Six Five Cafe ( Marketplace by City Mart )

  • ကိုရီးယား အစားစာ | အီတာလီလျံ အစားစာ | အနောက်တိုင်း အစားစာ
  • ထမင်း နှင့်ဟင်းလျာ | အီတလီစတိုင်ခေါက်ဆွဲ | ပီဇာ | အချိုပွဲ | ဟမ်ဘာဂါ | တုံယမ်း ဟင်းချို | အသုပ် | သစ်သီးဖျော်ရည် | ထမင်းကြော် | အသားညှပ် ပေါင်မုန့် | အသားကင် | မုန့် အချိုပွဲ | အမဲကင်ဆိုင်
  • ခရစ်ဒစ်ကတ် | ဗီဇာကတ် | မာစတာကတ် | ယူနီယန် ကတ် | ဂျေစီဘီ ကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +959799994711
  • 09:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • Upper Floor, Maketplace by City Mart, 6.5 Miles, Mayangone Township, Yangon
  • အနီးအနား Chauk Kwel မှတ်တိုင် 5 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • 80

ထောက်ခံချက် အမှတ်အသား