များများဖတ်ရန်
  • ကိုရီးယား အစားစာ / အခြား အစားစာ
  • K.7000-20000
  • K.7000-20000

The Seoul Korean Restaurant

The Seoul Korean Restaurant စားသောက်ဆိုင် ကို အမှတ် ၁၄၂ ၊ ပါရမီလမ်း ၊ တောင်ဥက္ကလာပမြို့ နယ် ၊ ရန်ကုန်မြို့ တွင် ၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိုင်မှာ ရရှိနိုင်တဲ့ အစားအစာတွေ ကတော့ ကိုးရီးယား အစားအစာအမျိုးမျိုး ဖြစ်ပါသည်။ အချိုပွဲ မျိုးစုံ ၊ Hot Pot ၊ Soup အမျိုးမျိး ၊ အအေး မျိုးစုံ ကိုလည်း ရရှိနိုင်ပါသည်။ Modeum Soondae, Sulguk, Pork BBQ, Beef BBQ နှင့် Pork Rib BBQ တို့မှာ လူကြိုက်အများဆုံး နှင့် အရောင်းရဆုံး ဟင်းလျာများ ဖြစ်ပါသည်။ စားဖိုမှုးမှာ မြန်မာလူမျိုးဖြစ်ပြီး အရသာရှိသော ဟင်းလျာ မျိုးစုံကို ချက်ပြုတ်ပြင်ဆင် ပေးလျက် ရှိပါသည်။ သောက်စရာ အတွက် သစ်သီးဖျော်ရည်များ ၊ အအေးဗူးများကို လည်း ရရှိနိုင်ပါသည်။ Set Menu များစွာ ကိုလည်း မှာယူ သုံးဆောင်နိုင်ပါသည်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့ စဉ် မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်ပါသည်။ တစ်ယောက်စာ အတွက် ပျမ်းမျှ ဈေးနှုန်းများမှာ 3000 ကျပ် ၀န်းကျင် ကနေ 6000 ကျပ်ခန့် ကျသင့်နိုင်ပါသည်။ ဆိုင် အပြင်အဆင်အနေဖြင့် ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားပြီး လူဦးရေ အနေဖြင့် ၇၀ ကနေ ၈၀ အထိ စားသုံးနိုင်မှာဖြစ်ပြီး ဈေးနှုန်းလည်းသင့်တင့်တဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါသည်။ မွေးနေ့ ပွဲများ ၊ ညစာ စားပွဲများ ၊ ဒင်နာများ ကိုလည်း ပြုလုပ်နိုင် ပါသည်။ ဒါကြောင့် ကိုးရီးယားအစား အစာများ ၊ Hot Pot ကြိုက်နှစ်သက်သူများ အတွက် The Seoul Korean Restaurant သို့ သွားရောက် စားသုံးဖို့ အကြံပြု ချင်ပါသည်။

The Seoul Korean Restaurant

ထောက်ခံချက် အမှတ်အသား