များများဖတ်ရန်
  • အီတာလီလျံ အစားစာ
  • K.5000-12000
  • K.5000-12000

Pizza Company (Myanmar Plaza) သည် Myanmar Plaza 3rd floor ၊ ရန်ကင်းမြို့နယ် တွင်တည်ရှိပြီး အရသာ ထူးခြား ကောင်းမွန်သော အီတလီအစားအစာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေသော နေရာတစ်ခုဖြစ်ပါသည်။ ကျယ်ဝန်းပြီး သပ်ရပ်သန့်ရှင်းသော အခင်းအကျင်း ၊ စားချင်စဖွယ် ဆွဲဆောင်မှုရှိသော အလှဆင်မှု ၊ ရိုးရှင်းလှပသော ဆိုင်အပြင်အဆင် တို့ဖြင့်ဖွဲ့စည်းထားပါသည်။
စားသုံးသူ ဦးရေ အယောက် ၁၀၀ လောက်အထိ ဆန့်ပြီး မွေးနေ့ပွဲ ၊ ကုမ္မဏီပွဲတွေလည်း ကျင်းပလို့ အဆင်ပြေပါသည်။ ဈေးနှုန်းလေးတွေကလည်း ပုံမှန်အားဖြင့် ၅၀၀၀ ကျပ် ခန့်မှစတင်ပြီး မှ ၁၂၀၀၀ ကျပ် လောက်အတွင်းရှိပြီး တစ်ယောက်စာ ၀၀လင်လင် သုံးဆောင်နိုင်မှာဖြစ်ပါသည်။ အဓိကရောင်းချသော အစားအစာများအားလုံးမှာ အမျိုးအစားစုံလင်သော Pizza, Pasta, Salad, Appetizer နှင့် Soft drink တို့ဖြစ်ပါသည်။

အဓိက ရောင်းအားကောင်းသော အစားအသောက်များမှာ extreme sausage & cheese crust, crispy chicken pizza, spaghetti pasta, crispy shrimp salad တို့ဖြစ်ကြသည်။
ဆိုင်ပိတ်ရက် မရှိဘဲ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီ အထိ ဖွင့်လှစ်ထားပါသည်။ ခမ်းနားလှပသော ဆိုင်အပြင်အဆင်များနှင့် သက်တောင့်သက်သာဖြစ်တဲ့ နေရာထိုင်ခင်းများ ရှိသောကြောင့် မိသားစုလိုက် (သို့ ) သူငယ်ချင်းများနှင့်အတူ အဆင်ပြေစွာဖြင့် အေးအေးဆေးဆေး စားသုံးနိုင်မှာဖြစ်သလို ၀န်ထမ်းများ၏ ဝန်ဆောင်မှု ကောင်းသောကြောင့်လည်း စားသုံးသူများကို စိတ်ကျေနပ်စေသော ဆိုင်တစ်ဆိုင်ဖြစ်ပါသည်။

စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ တာမွေမြို့နယ် တို့မှာ စုစုပေါင်း ဆိုင်ခွဲ ၅ ဆိုင်ဖွင့်လှစ်ထားပြီး စားသုံးသူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါသည်။ အစားအသောက်များအားလုံးမှာ အရသာကောင်းမွန်ပြီး ဝါရင့် စားဖိုမှူးများမှချက်ပြုတ်တည်ခင်း ဧည့်ခံပေးတာကြောင့် ထူးခြားကောင်းမွန်တဲ့ အရသာကို ခံစားရစေမှာဖြစ်ပါသည်။

The Pizza Company (Myanmar Plaza)

ထောက်ခံချက် အမှတ်အသား