များများဖတ်ရန်
  • မြန်မာအစားစာ / တရုတ် အစားစာ / အနောက်တိုင်း အစားစာ
  • K.10000-15000
  • K.10000-19998
Indoor
Indoor
Outdoor

The Gallery Café ကတော့ Inya Clinic ရဲ့ ဘေးမှာတည်ရှိပြီး ဆိတ်ငြိမ်တဲ့နေရာမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်ကို ၂၀၁၆ ခုနှစ် ၊ မတ်လ ကစတင်ဖွင့်လှစ်ထားပြီး ကားပါကင်လည်း ပါရှိပါတယ်။

ရိုးရှင်းပြီး စတိုင်ကျတဲ့ ဆိုင်အပြင် ၊ သပ်ရပ် သန့် ရှင်း တဲ့ ဆိုင် ပတ်ဝန်းကျင် နှင့် အတွင်း၊ အပြင် နေရာထိုင်ခင်းများလည်းရှိကာ ဧည့်သည် ၁၀၀ ခန့် စားသုံးနိုင်ကာ မွေးနေ့ ပါတီ များနှင့် အဖွဲ့ လိုက်ပါတီ များကို လည်း ကျင်းပနိုင်ပါတယ်။

ပျှမ်းမျှ ကုန်ကျငွေကတော့ နေ့လည်စာ အတွက် တစ်ဦးလျှင် ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ် နှင့် ညစာ အတွက် ၁၀၀၀၀ ကျပ် ဆိုလုံလောက်ပါတယ်။

အဓိကရောင်းချသော အစားအစာ များမှာ မြန်မာအစားအစာ၊ တရုတ်အစားအစာ နှင့် ဂျပန် အစားအစာ များဖြစ်ပြီး Menu မှ မိမိကြိုက်နှစ်သက်ရာ နေ့ လည်စာနှင့် ညစာ များကိုရွေးချယ် စားသုံးနိုင်ပြီး ဘူဖေးလည်း ရရှိနိုင်ပါတယ်။

Seafood Salad၊ ကြေးအိုး၊ ကြေးအိုးချဉ်စပ်၊ မာလာ ငါးကင် နှင့် အကင်မျိုးစုံ တို့ ကတော့ လူကြိုက်အများဆုံး အစားအစာများဖြစ်ပြီး စားဖိုမှူး မှလည်း အကြံပေးထားတဲ့ အစားအစာတွေ ပဲ ဖြစ်ပါတယ်။ Blue Lady Mocktails ၊ စတော်ဘယ်ရီဖျော်ရည် ၊ နဂါးမောက်သီးဖျော်ရည် နှင့် ဒိန်ချဉ်တို့ ကတော့ Customers အများစု ကြိုက်နှစ်သက်ကြတဲ့ ဖျော်ရည်များပဲဖြစ်ပါတယ်။

ဝန်ထမ်းများမှာ အင်္ဂလိပ် ပြောဆိုနိုင်သောကြောင့် နိုင်ငံခြားသား ဧည့်သည် များအတွက် လည်း အဆင်ပြေပြီး ချစ်သူနှင့်ဖြစ်စေ ၊ သူငယ်ချင်းနှင့်ဖြစ်စေ အေးအေးချမ်းချမ်း စားသောက်ချင်တယ်ဆိုရင်တော့ The Gallery Café ကိုသာ အရောက်သွားလိုက်ပါ။

အထူးသဖြင့် The Gallery Café ကတော့ ကျန်းမာရေးနှင့် ညီညွတ်ပြီး လတ်ဆတ်တဲ့ အစားအစာတွေ ကိုဈေးနှုန်းသင့်တင့်စွာ စားသုံးနိုင်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

The Gallery Cafe မှ လူကြီးမင်းအား အကောင်းဆုံး ၀န်ဆောင်မှု့ ပေးဖို့ စောင့်မျှော်နေပါတယ်။

The Gallery Cafe

  • မြန်မာအစားစာ | တရုတ် အစားစာ | အနောက်တိုင်း အစားစာ
  • ရှမ်း အစားစာ | အသုပ် | ပေါင်မုန့် | သစ်သီးဖျော်ရည်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • အိမ်တိုင်ရာရောက်ပို့ ပေးသည်၊ | ဆေးလိပ်သောက်ခွင့် | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +959 440650040
  • 09:00 AM - 12:00 AM ( ဘာမှမရှိပါ )
  • No. 98 C, Inya Road, Kamaryut Township, Yangon.
  • Facebook
  • 150

ထောက်ခံချက် အမှတ်အသား