များများဖတ်ရန်
  • မြန်မာအစားစာ / တရုတ် အစားစာ / အခြား အစားစာ
  • K.3000-20000
  • K.3000-20000

The Beer Bar

The Beer Bar ကို အမှတ် ၅၂ အေ ၊ မဉ္ဇူလမ်း ၊ ရန်ကင်းမြို့ နယ် ၊ ရန်ကုန်မြို့ တွင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၌စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိုင်အပြင်အဆင်မှာ ရိုးရိုးရှင်းရှင်းဖြင့် ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ထား ရှိပြီး ဆိုင် အတွင်း အပြင် စုစုပေါင်း လူဦးရေ ၂၅၀ ခန့် ဆန့်ပါသည်။ အဓိက ရရှိနိုင်သော မီနူးမှာ ဘီယာ အမျိုးမျိုး ဖြစ်ပါသည်။ မြေအိုး ဘီယာ ၊ Effel Tower ဘီယာ ၊ Color ဘီယာ များမှာ ဆိုင်၏ အထူးမီနူး ဖြစ်သည့် အပြင် အရောင်းရဆုံး လည်း ဖြစ်ပါသည်။ တရုတ်အစားအစာများ ၊ မြန်မာ့ရိုးရာ အစားအစာများ ၊ ထိုင်းအစားအစာများ ၊ European အစားအစာများကိုလည်း စုံလင်လှစွာ မှာယူ သုံးဆောင်နိုင်ပါသည်။ ကိုယ်ပိုင်စတိုင်ဖြင့် ဖန်တီးမှု များဖြစ်သည့် ပင်လယ်စာ မီနူးအသစ်များ ၊ Lala Spicy ခရုချဉ်စပ်ဟင်း ၊ Beer Cheese Dip နှင့် Beer Cheese Seafood Tempura ဟင်းလျာများမှာ ဆိုင်၏ Recommended ဟင်းလျာများဖြစ်သည်။ Draught မြန်မာ ဘီယာ၊ Kirin ဘီယာ ၊ Tiger Beer နှင့် ပုလင်းဘီယာ တံဆိပ်မျိုးစုံ လည်း ရရှိနိုင်ပါသည်။ သီးသန့်ခန်း သုံးခန်းထားရှိပေးထားပြီး မွေးနေ့ပွဲကျင်းပချင်သူများ ၊ ညစာစားပွဲများ အတွက် အခန်း အပြင်အဆင်ကို စိတ်တိုင်းကျ လှပအောင် ပြင်ဆင်ပေးပြီး မွေးနေ့ Surprise လုပ်လိုပါကလည်း ၀န်ဆောင်မှုပေးပါသည်။ ပရိုမိုးရှင်းအစီအစဉ် အဖြစ် Ladies Night ပြုလုပ်ပေးခြင်း နှင့် VIP Card ကိုလည်း ပြုလုပ်ပေးပြီး ၁၀ % Discount ရရှိမှာဖြစ်ပါသည်။ ၀န်ထမ်းများ၏ ဖော်ရွေမှု နွေးထွေးမှု Service ကျွမ်းကျင်မှု တို့ကြောင့် စိတ်ချမ်းမြေ့စေမည့် ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။

The Beer Bar

ထောက်ခံချက် အမှတ်အသား