များများဖတ်ရန်
  • ထိုင်း အစားစာ
  • K.2000-10000
  • K.2000-10000

Thai 47 (Downtown Branch) သည် ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုချိန်တွင် လူသိများသော ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာလေးကတော့ ဗိုလ်တစ်ထောင်မြို့နယ် ၊ ၄၇ လမ်းနှင့် အနော်ရထာ လမ်းထောင့်တွင် ဖွင့်လှစ်ထားသော အမျိုးအစားစုံလင်သော ထိုင်းအစားအစာများ ကို စားသုံးသူများ စိတ်တိုင်းကျ ၀န်ဆောင်မှုပေးသော ဆိုင်ဖြစ်ပါတယ်။ ထို့အပြင် ထိုင်းနိုင်ငံမှ တင်သွင်းသော အရည်အသွေးမှီ အရက် ၊ ဘီယာနှင့် ဝိုင်များလည်း ရရှိနိုင်ပါတယ်။ ဆိုင်ပိုင်ရှင်နှင့် စာဖိုမှုးမှာ မြန်မာ လူမျိုးများ ဖြစ်သော်လည်း ထိုင်းအရသာ စစ်စစ်ကို ခံစားချင်သူများအတွက် အဆင်ပြေစေပါတယ်။ ဆိုင်တွင် ဆန်လှော်နှင့် ပြုလုပ်ထားသော ၀က်ဂုတ်သားကင်နှင့် ၀က်ခေါင်းသုတ်များမှာ စားသုံးသူများ၏ အကြိုက်ဆုံးဟင်းလျှာများ ဖြစ်ပြီး ဆိုင်၏ အရောင်းရဆုံး ဟင်းလျှာများလည်း ဖြစ်ပါတယ်။
ဆိုင်အပြင်အဆင်ကတော့ အနောက်တိုင်းစတိုင်ဖြင့် ပြင်ဆင်ထားပြီး ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်မှာလည်း သန့်ရှင်းသပ်ရပ်နေသောကြောင့် ဆိုင်ထဲကို ၀င်ရောက်လာသူတိုင်း၏ စိတ်ကိုလန်းဆန်းမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဆိုင်ရဲ့ ဘေးပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တွင် ရှိသောကြောင့် ဆိုင်တွင် အေးဆေးထိုင်စားချင်သူများအတွက် အဆင်ပြေစေပါတယ်။ ဆိုင်သည် ကျယ်ဝန်းပြီး စားသုံးသူများ၏ ကားများအတွက်လည်း ကိုယ်ပိုင်ကားပါကင် ရှိသောကြောင့် အဆင်ပြေစေပါတယ်။ ဆိုင်တွင် စားသုံးသူလူဦးရေ ၁၀၀ ခန့်တစ်ပြိုင်နက် စားသုံးနိုင်ပါတယ်။ ဒါ့အပြင် ဆိုင်မှာ မွေးနေ့ပွဲများ ၊ ပါတီများ ကျင်းပချင်သူများအတွက် အဆင်ပြေအောင် ဆိုင်တာဝန်ခံမှ စိတ်တိုင်းကျဝန်ဆောင်မှု ပေးသောကြောင့် အဆင်ပြေစေပါတယ်။
စာဖိုမှူးများမှာလည်း ဝါရင့် စာဖိုမှူးများ ဖြစ်သောကြောင့် အရသာများမှာလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းများမှာလည်း မြန်ဆန်သော ၀န်ဆောင်မှုများနှင့် ဖော်ရွေစွာဖြင့် ၀န်ဆောင်ပေးသောကြောင့် အဆင်ပြေစေပါတယ်။ ဆိုင်မှာ မနက် ၁၀ နာရီခွဲ တွင် စတင်ဖွင့်လှစ်သောကြောင့် နေ့လည်စာကို အရသာရှိရှိ စားသုံးချင်သူများအတွက် အဆင်ပြေပါတယ်။ ဈေးနုန်းမှာလည်း သင့်တင့်သောကြောင့် လူတန်းစားမရွေး စားသုံးနိုင်သော ဆိုင်ဖြစ်ပါတယ်။ အရသာရှိသော ဟင်းလျှာများနှင့် ၀န်ထမ်းများ၏ ၀န်ဆောင်မှုကောင်းမွန်သောကြောင့် အချိန်တိုအတွင်း လူသိများလာသော ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ်။






Thai 47 ( Downtown Branch )

  • ထိုင်း အစားစာ
  • ထမင်း နှင့်ဟင်းလျာ | တုံယမ်း ဟင်းချို | ယမကာ | အသုပ် | သစ်သီးဖျော်ရည် | အအေး | ကြေးအိုး
  • ခရစ်ဒစ်ကတ် | ဗီဇာကတ် | မာစတာကတ် | ယူနီယန် ကတ် | ဂျေစီဘီ ကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • အိမ်တိုင်ရာရောက်ပို့ ပေးသည်၊ | ဆေးလိပ်သောက်ခွင့် | သီးသန့်အခန်း | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | ကလေး | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | သင်တင့်သောဈေးနှုန်း
  • +95965169215
  • +951 8610556
  • 10:30 AM - 10:30 PM ( ဘာမှမရှိပါ )
  • No.153, Corner of 47 Street& Anawyahtar Road, Botahtaung Township.
  • အနီးအနား ၄၆ လမ်းမှတ်တိုင် မှတ်တိုင် 5 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • Facebook
  • 80

ထောက်ခံချက် အမှတ်အသား