များများဖတ်ရန်
  • ၈ျပန် အစားစာ
  • K.1700-15000
  • K.1700-15000

Sushi Ichi Japanese Restaurant ကို ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်မှာ ဖွင့်လှစ်ထားပြီး ဆိုင်မှာ နှစ်ထပ်ရှိကာ ခမ်းနားသောအပြင်အဆင် ၊ ခေတ်မီသော ဆိုင်အတွင်း အလှဆင်ပုံ ၊ ကျယ်ဝန်းသန့်ရှင်းသောနေရာထိုင်ခင်းများရှိပြီး business meeting ၊ ဂျပန်စာ စားသောက်လိုသူများ ၊ မိသားစု စားပွဲများ အတွက် အထူးသင့်လျော်ပါသည်။

စားသုံးသူ ဦးရေ ၁၀၀ ယောက်လောက်အထိ ဆန့်တော့ မွေးနေ့ပွဲ ၊ ကုမ္မဏီပွဲတွေ လည်းကျင်းပလို့ အဆင်ပြေပါသည်။ ဈေးနှုန်းလေးတွေကလည်း ၁၇၀၀ ကျပ်ခန့် မှ စတင်ပြီး ၁၅၀၀၀ ကျပ် လောက်အထိ ရှိကာ ပျမ်းမျှ ၇၀၀၀ ကျပ်ခန့်ဖြင့် တစ်ယောက်စာ ၀၀လင်လင် သုံးဆောင်နိုင်မှာ ဖြစ်ပါသည်။
ဆိုင်ပိတ်ရက် မရှိဘဲ နေ့စဉ် မနက် ၁၀ နာရီမှ ည ၁၀ နာရီ အထိ ဖွင့်လှစ်ထားပါသည်။ ဆိုင်အပြင်အဆင်မှာ သန့်ရှင်းသပ်ရပ်၍ ဝန်ထမ်းများ၏ ဝန်ဆောင်မှု ကောင်းသောကြောင့် စားသုံးသူများကို စိတ်ကျေနပ်စေသော ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။ ဆိုင်ကိုလည်း လမ်းမတော်မှာ ဖွင့်လှစ်ထားတာဖြစ်လို့ သွားရေးလာရေး လွယ်ကူပြီး အဆင်ပြေပြေ ၀င်ရောက်သုံးဆောင်နိုင်မှာပါ။

ဆိုင်ရဲ့ အဓိကအစားအစာကတော့ ဂျပန် အစားအစာဖြစ်ပြီး Set Menu ၊ Sashimi နှင့် Soft Drinks များကိုလည်းရရှိနိုင်သလို အဖွဲ့ လိုက်ပါတီများနှင့် မွေးနေ့ ပါတီများလည်းကျင်းပနိုင်ပြီး ဈေးနှုန်းလည်းသင့်တင့်တဲ့ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။
အဓိက ရောင်းအားကောင်းသော လူကြိုက်များ ဟင်းလျာတို့မှာ Sushi အမျိုးမျိုးနှင့် ဂျပန်အစားအစာများဖြစ်ကြပါသည်။
ဆိုင်၏ ဂျပန်စတိုင်အပြင်အဆင်ကြောင့်သက်တောင့်သက်သာဖြစ်စေသလို အရသာရှိတဲ့ ဂျပန်အစားအစာတွေကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Sushi Ichi ကို တစ်ခေါက်လောက်သွားကြည့်ကာ မိမိကြိုက်နှစ်သက်တဲ့ နေ့ လည်စာနှင့် ညစာများကိုရွေးချယ်စားသုံးနိုင်ပါပြီ။
အစားအသောက်များ အားလုံးကို နိုင်ငံခြားအတွေ့အကြုံရှိ ဝါရင့် စားဖိုမှူးများမှ ချက်ပြုတ်တည်ခင်း ဧည့်ခံပေးတာကြောင့် ထူးခြားကောင်းမွန်တဲ့ အရသာကိုခံစားရစေမှာဖြစ်ပါသည်။

Sushi Ichi Japanese Restaurant

ထောက်ခံချက် အမှတ်အသား