များများဖတ်ရန်
  • တရုတ် အစားစာ
  • K.1000-10000
  • K.1000-10000

Super Win စားတော်ဆက် ကို လှိုင်မြို့နယ်၊ အင်းစိန်လမ်းပေါ်၌ ဖွင့်လှစ်ထားတာဖြစ်ပါသည်။ ဆိုင်သို့သွားရာ လမ်းမတစ်လျှောက်တွင် အဝတ်အထည်ဆိုင်များ၊ စတိုးဆိုင်များစွာ ရှိပြီး ဆိုင်သည် လမ်းမကြီးပေါ်တွင် ရှာဖွေရလွယ်ကူပါသည်။ ဆိုင်းဘုတ်ကို အဝါရောင်နှင့် အစိမ်းရောင် စာလုံးများသုံးထားတာဖြစ်လို့ ထင်ရှားသည်။ ရိုးရှင်းသော ပြင်ဆင်မှုမျိုးဖြစ်သည်။ ရောက်လာသူတို့၏ စိတ်ကိုကြည်နူးလန်းဆန်းသွား စေရုံအပြင် ကျယ်ဝန်းသန့်ရှင်းခြင်းသည် ကလည်းပဲ လာရောက်ကြသူများကို ပထမဦးဆုံး ဆွဲဆောင်ထားနိုင်သော အချက်ဖြစ်ပါသည်။

အစားအစားများ အားလုံးကို ကျွမ်းကျင်သော စားဖိုမှူးများ၏ စိတ်ကူးအိုင်ဒီယာဖြင့် လှပသေသပ်စွာ ချက်ပြုတ်ပြင်ဆင်ထားသော ဟင်းလျာများမှာလည်း ဟင်းပွဲတွေကို မြင်ရုံဖြင့် အရသာအရမ်းကောင်းမည်ဆိုတာကို ယုံကြည်နိုင်မည် ဖြစ်ပါသည်။ တရုတ်အစားအစာကို အဓိက ရရှိနိုင်မှာ ဖြစ်ပြီး တရုတ်ဘာသာဖြင့် ရေးထားသော menu အပြင် English ၊ မြန်မာ menu ပါရှိပါသည်။ နံရိုးကင်နှင့် ဝက်ဂုတ်သားကင် ကတော့ ဆိုင်ရဲ့ လူကြိုက်အများဆုံး နဲ့ ရောင်းအားအကောင်းဆုံး ဟင်းလျာပဲ ဖြစ်ပါသည်။ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနှင့်၊ ဝိုင် မျိုးစုံလည်းရရှိနိုင်သည်။

၁၀၀၀ ကျပ်မှ ၁၀၀၀၀ကျပ် ဝန်းကျင်ရှိသော တရုတ်အစားအစာ ကောင်းကောင်းရရှိနိုင်သည့် အဆင့်မြင့် ဆိုင်များတွင် Super Win စားတော်ဆက်သည် အလွန်သင့်တင့်သော ဈေးနှုန်းရှိခြင်းကြောင့် စားသုံးသူတွေလည်း သဘောကျကြပါသည်။ တစ်ယောက်စာ ပျှမ်းမျှ ကုန်ကျစရိတ်မှာ ၅၀၀၀ ကျပ်ခန့် ဖြစ်ပါသည်။ Today special အစီအစဉ် လည်းရှိပါသည်။

တရုတ်အစားအစာ တစ်မျိုးတည်းကိုသာ သီးသန့်စီစဉ်ပေးထားတာ ဖြစ်သည့်အတွက် နိုင်ငံခြားသားများ နှင့် မြန်မာနိုင်ငံမှ တရုတ်အစားအစာ အထူးကြိုက်နှစ်သက်ကြသူများ အတွက် အကောင်းဆုံး နှင့် အဆင်ပြေဆုံးသော အဆင့်မြင့် ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။ နိုင်ငံတကာမှ ရောက်ရှိနေသော နိုင်ငံခြားသား ဧည့်သည်များအတွက်လည်း အဆင်ပြေအောင် စီစဉ်ထားတာဖြစ်လို့ ထူးခြားသည့် နိုင်ငံမှာ ရောက်ရှိသုံးဆောင်နေရသလို ခံစားချက်ကိုပေးစွမ်းနိုင်မှာ အသေချာပဲ ဖြစ်ပါသည်။ ကျယ်ဝန်းသော ကားပါကင် ရှိပါသည်။ သီးသန့်ခန်း များလည်း ရှိပါသည်။

ပိုင်ရှင်မှာ မြန်မာလူမျိုးဖြစ်ပြီး စားဖိုမှူးများမှာလည်း မြန်မာနိုင်ငံသားများပင် ဖြစ်ကြပါသည်။ နိုင်ငံခြား အတွေ့အကြုံ ရှိ ဝါရင့်စားဖိုမှူးများ ဖြစ်သောကြောင့် ဟင်းလျာတို့၏ လက်ရာသည် အလွန်ပင် အနံ့ အရသာတို့နှင့် ပြည့်စုံပါသည်။ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်မျိုးစုံကို ရယူသုံးဆောင်နိုင်မှာ ဖြစ်ပါသည်။ ဝန်ထမ်းများ၏ ဖော်ရွေ ပြူငှါမှု ၊ ဂရုစိုက်မှုတို့ကြောင့် ရောက်လာသူအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှုများ ရရှိထားပြီး ဖြစ်သည့် အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။

Super Win

  • တရုတ် အစားစာ
  • အချိုပွဲ
  • အိမ်တိုင်ရာရောက်ပို့ ပေးသည်၊ | ဆေးလိပ်သောက်ခွင့် | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | လေအေးပေးစက်
  • အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | သင်တင့်သောဈေးနှုန်း
  • +959777380370
  • 10:30 AM - 10:30 PM ( ဘာမှမရှိပါ )
  • 67, Insein Road, 9 Qtr, Hlaing
  • 400

ထောက်ခံချက် အမှတ်အသား