• 288 view

  • Chinese food | Japanese food | Western | Others | BBQ | Myanmar Noodles | Pizza | Sweets | Bar | Smoking | Alcohol | Live sport tv | Credit card | Parking | Wi-Fi | English | Japanese | Air conditioner | English Menu | Dinner | Couples | Groups / Party | Tourists | Business | Men | Woman | Reasonable

Sky Bar @ Yangon International Hotel

အပန်းဖြေဖို့ အတွက် နွေးထွေးပြီး သက်တောင့်သက်သာ ရှိမယ့် နေရာကောင်းကောင်း တစ်ခု ကို ရှာနေပါသလား။ ဒါဆိုရင်တော့ ပါရမီ ဟိုတယ် ရဲ့ အပေါ်ဆုံး အထပ်မှာ ဖွင့်လှစ်ထားတဲ့ ပီယာနိုဘားကို သာလှမ်းလာခဲ့လိုက်ပါ။ ပီယာနို ဘားကိုတော့ ဇွန် လ ၆ ရက်၊ ၂၀၁၅ ခုနှစ် ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခု ဆိုလျှင် ၂ နှစ်နီးပါး အောင်မြင်မှု့ရရှိထားတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

Sky Bar ကတော့ ရန်ကုန်မြို့ မှာ အကြီးဆုံးသော Roof Top ဘားတစ်ခုဖြစ်ပြီး အလုံလမ်း ၊ ဒဂုံမြို့ နယ်မှာ ရှိတဲ့ ရန်ကုန်အင်တာနေရှင်နယ် ဟိုတယ် ရဲ့  ကိုးလွှာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါသည်။

Sky Bar ကတော့ ကျယ်ဝန်းတဲ့ Rooftop ဘားတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့ ရဲ့ ညပိုင်းအလှပ များကိုလည်း အပေါ်စီးကနေ ကြည့်ရှုနိုင်ပါသည်။ ဒါ့အပြင် Stage တစ်ခု နှင့် Live Band များလည်း ရှိပြီး အတွင်း အပြင် နေရာ ထိုင်ခင်းများလည်း ရှိသောကြောင့် လှပသော ရှုခင်းများကို ကြည့်ရှုရင်း သက်တောင့်သက်သာ စားသုံးနိုင်ပါသည်။

ဆိုင်ကိုတော့ နေ့ စဉ် ညနေ ၅ နာရီမှ မနက် ၁ နာရီအထိ ဖွင့်လှစ်ထားပြီး Live Band ကတော့ တစ်ပတ်တစ်ရက် ရှိပါသည်။

Sky Bar မှာတော့ ဂျပန်အစားအစာ ၊ တရုတ်အစားအစာ ၊ ယူရိုပီယမ် အစားအစာ၊ အာရှအစားအစာ နှင့် နိုင်ငံတကာ အစားအစာ များကို ရရှိနိုင်ပါသည်။ ဒါ့အပြင် သောက်စရာ အတွက်ကတော့ ၀ိုင် ၊ ကော့တေး ၊ ၀ီစကီ ၊ ဘီယာ ( မြန်မာ ၊ Kirin ) နှင့် Choya Wine တို့ ကိုလည်း ရရှိနိုင်ပါသည်။

Tokyo Tsukiji Ramen, Yakitori, Okonomi Yaki, Asari Better, Soba Miso နှင့် Torikarake တို့ ကတော့ ဆိုင်ရဲ့ အရောင်းရဆုံး နှင့် လူကြိုက် အများဆုံး အစားအစာ များဖြစ်ပါသည်။ ဟင်းလျာ များအားလုံးကိုတော့ အတွေ့ ကြုံ ရင့်ကျက်သော ဂျပန် စားဖိုမှူး နှင့် မြန်မာ စားဖိုမှူးကြီးများမှ ပြင်ဆင်ပေးထားသောကြောင့် အကောင်းဆုံးသော အရသာ ကို ရရှိနိုင်ပါသည်။

ဝန်ဆောင်မှု့ ကောင်းမွန်ပြီး ၀န်ထမ်းများမှာလည်း အင်္ဂလိပ် နှင့် ဂျပန်စကားပြောဆိုနိုင်သောကြောင့် နိုင်ငံခြားသား ဧည့်သည် များလာရောက် အပန်းဖြေ စားသောက်နိုင်သော နေရာ ဖြစ်ပါသည်။

အထူးသဖြင့် Sky Bar ကတော့ အဖွဲ့ လိုက်ပါတီများနှင့် မွေးနေ့ ပါတီများကိုလည်း ကျင်းပနိုင်ပြီး အခြား သော Social Events များကိုလည်း ဈေးနှုန်းသင့်တင့်စွာ ကျင်းပနိုင်ပါသည်။ ဒါကြောင့် အဆုံးမရှိသော ပျော်ရွှင်မှု့ တွေ ကို ကိုယ်ချစ်ရတဲ့သူတွေ နဲ့  ဆင်နွှဲချင်တယ်ဆိုရင်တော့ စကိုင်းဘားကို သာအရောက်လှမ်းလာခဲ့ပါ။ လူကြီးမင်းတို့ အား အကောင်းဆုံး သော ၀န်ဆောင်မှု့ များပေးဖို့ စောင့်ကြို နေပါတယ်။

Amazing Nice View

Hygiene atmosphere, cozy environment and amazing nice view are very interested and really fresh your soul.

  • Img 4234
  • Img 1408
  • Img 0089

Application

Recent Movie

Monthly Promotions

Fuji-Sushi
Fuji Sushi Japanese Food

Mobile coupon and get deals!

Fuji Sushi Japanese Food) is excellent service ...


Cafedesoul
Cafe DEL SeOUL Restaurant & Bar

Mobile coupon and special discount!

Cafe del SeOUL is a Casual Fine dining/European Cuisine restaurant. ....

Another Spot

Three Six Five Cafe ( Yangon International Hotel )

Three Six Five Cafe ( Yangon International Hotel )

Pyay Road, Yangon International Hotel Compound, Dagon Township, Yangon
များများဖတ်ရန်

Black Canyon Coffee Myanmar ( Shop 1 )

Black Canyon Coffee Myanmar ( Shop 1 )

No.330, Yangon International Hotel Compound, Ahlone Road, Dagon Township, Yangon.
များများဖတ်ရန်