များများဖတ်ရန်
  • တရုတ် အစားစာ
  • K.1700-4000

ရွှေယုန်လေး ကြေးအိုး ဆိုင်

ရွှေယုန်လေး ကြေးအိုး ဆိုင်ကို အမှတ် ၄၃၊ ပါရမီ လမ်း၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန် မြို့ တွင် ဖွင့်လှစ်ထားပါ သည်။ ရန်ကုန် မြို့တွင် ယခု အချိန်ထိ လူကြိုက်များ နာမည်ကြီး နေသော ဆိုင်တစ်ဆိုင် လည်း ဖြစ်ပါသည်။ ဆိုင်ဖွင့်ချိန် မှာ နံနက် ၁၀နာရီ မှ ည ၁၀နာရီ ထိဖြစ်ပြီး ပိတ်ရက် မရှိ နေ့စဉ် ဖွင့်လှစ် ထားပါ သည်။ ဆိုင်တွင် ဧည့်သည် အယောက် ၂၀ခန့် တစ်ချိန် တည်းတွင် စားသုံး နိုင်ပါသည်။ ဆိုင်အပြင်အဆင်ကတော့ ရိုးရှင်းပြီး ခေတ်မှီကာ သန့်ရှင်း သပ်ရပ်ပြီး ဆိုင်အတွင်း တွင် အအေးခန်းလည်း တပ်ဆင် ထားပါသည်။ ကားနှင့် လာစားသည့် ဧည့်သည်များ အတွက်လည်း ကားပတ်ကင် နေရာ ထားရှိဖို့ အတွက် စီစဉ် ပေးထား ပါသည်။ ဆိုင်ရဲ့ အဓိက အစားအစာ တွေကတော့ တရုတ် အစားအစာ ဖြစ်ပြီး ကြေးအိုး၊ ကြေးအိုးဆီချက်၊ ဆီချက်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် အမျိုးမျိုး တို့ကို စားသုံးနိင် မှာဖြစ်ပြီး အအေး အမျိုးမျိုး တို့ကိုလည်း ရရှိ နိုင်ပါ သည်။ ပျှမ်းမျှ ဈေးနှုန်း အနေနှင့် တစ်ယောက်ကို နေ့လည်စာ နှင့် ညစာ တို့တွင် ၁၇၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိ ကျသင့် နိုင်ပါသည်။ ဆိုင်တွင် ဧည့်သည် အယောက် ၅၀ခန့် တစ်ချိန် တည်းတွင် စားသုံး နိုင်ပါ သည်။ ရွှေယုန်လေး ကြေးအိုး ဆိုင်သည် အရသာ ကောင်းမွန်ပြီး ဈေးနှုန်း ချိုသာ သောကြောင့် စားသုံးသူ ဧည့်သည်များ အလွန် နှစ်ခြိုက် သဘောကျသော ဆိုင်လည်း ဖြစ်ပါသည်။ ဈေးနှုန်း လည်း သင့်တင့်သည့် အတွက် လူတိုင်း စားသုံးနိုင်တဲ့ ဆိုင်လေး လည်း ဖြစ်ပါ သည်။ လည်ရင်း ပတ်ရင်း သူငယ်ချင်း တွေ မိသားစု တွေနှင့် အတူတူ သွားရောက် စားသုံး လို့ ကေင်းတဲ့ ဆိုင်လေး တစ်ဆိုင်လည်း ဖြစ်ပါသည်။

Shwe Yone Lay Kyay Oh

ထောက်ခံချက် အမှတ်အသား