များများဖတ်ရန်
  • မြန်မာအစားစာ / တရုတ် အစားစာ
  • K.2500-5000
  • K.2500-5000

ရွှေမိတ် ဟော့ပေါ့ နှင့်အကင် စားသောက်ဆိုင်ကို အမှတ် ၄၆/B ၊ ရှင်စောပုလမ်း ၊ အောင်ချမ်းသာရပ်ကွက် တွင် ဖွင့်လှစ်ထားပါတယ်။ ဆိုင်မှာ သုံးထပ်ဖြစ်ပြီး မြေညီထပ်နှင့် ဒုတိယထပ်ကို ပုံမုန် စားသုံးသူများအတွက် သန့်ရှင်း သပ်ရပ်စွာ ပြင်ဆင်ထားပြီး ၊ အပေါ်ဆုံးထပ်ကို Roof Top Bar တစ်ခုအနေနဲ့ ပြင်ဆင်ပေးထားသောကြောင့် ညနေဘက်တွင် လေညင်းခံရင်း အေးအေးဆေးဆေး အနားယူ အပန်းဖြေကာ စားသောက်နိုင်မှာ ဖြစ်ပါတယ်။ မိသားစုများနှင့် နေ့လည်စာ ၊ ညစာ သုံးဆောင်လို့ ကောင်းတဲ့ နေရာလေး ဖြစ်သလို လုပ်ဖော်ကိုင်ဖက်များနဲ့ လုပ်ငန်းကိစ္စပြောဆိုရင်း စားသောက်လို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အစားအသောက်များ အနေနဲ့ကတော့ ဟောပေါ့ ကို အသားအမျိုးမျိုး ၊ အသီးအရွက်အမျိုးမျိုး တို့နှင့် အရသာရှိစွာ စားသုံးနိုင်ပြီး တရုတ်အစားအစာများဖြစ်သော ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဖက်ထုပ်ကြော် စသည်တို့ကိုလည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် Drink Menu အနေနဲ့လည်း လတ်ဆတ်သော သစ်သီးဖျော်ရည်များ ၊ အရက် ၊ ဘီယာ ၊ ဝိုင် နှင့် အအေးအမျိုးမျိုးတို့ကိုလည်း သုံးဆောင်နိုင်ပါတယ်။ ဝါရင့် ကျွမ်းကျင် စားဖိုမှူးများမှ အစားအသောက်များကို ချက်ပြုတ် ပြင်ဆင်ပေးတာကြောင့် အရသာမှာ ထူးကဲကောင်းမွန်ပြီး စားသုံးသူများ ကြိုက်နှစ်သက်စွာ အားပေးကြပါတယ်။

ရွှေမိတ်သည် ပျော်ပွဲရွှင်ပွဲများ၊ Group Party ပွဲများ ၊ Company Party နှင့် Gathering Party များ ကျင်းပရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းမှာ သက်သာပြီး လူတန်းစား မရွှေးသုံးဆောင်နိုင်ကာ ဆိုင်ရှိ ဝန်ထမ်းများမှာလည်း အလွန်ဖော်ရွှေပြီး ဝန်ဆောင်မှု ကောင်းမွန်သောကြောင့် ရောက်သွားသူတိုင်း စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။ ရွှေမိတ်မှ ဟော့ပေါ့မှာ အရသာကောင်းမွန်ပြီး လူကြိုက်များ နာမည်ကြီးသောကြောင့် မြည်းစမ်း သုံးဆောင်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။

SHWE MATE

  • မြန်မာအစားစာ | တရုတ် အစားစာ
  • ထမင်း နှင့်ဟင်းလျာ | ဟော့ပေါ့
  • အိမ်တိုင်ရာရောက်ပို့ ပေးသည်၊ | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | အမျိုးသား | အမျိုးသမီး | ဇိမ်ခံပစ္စည်း | သင်တင့်သောဈေးနှုန်း
  • +959783491855
  • 10:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • No. 47/ B, Shin Saw Pu Rd., Myay Ni Gone, Sanchaung Tsp., Yangon.
  • Facebook
  • 100

ထောက်ခံချက် အမှတ်အသား