• 653 view

  • Chinese food | Others | Rice & Curry | Hot Pot | BBQ | Sea Food | Smoking | Take Away | Alcohol | Parking | English | Air conditioner | English Menu | Lunch | Dinner | Couples | Groups / Party | Tourists | Business

Shwe Family Hot Pot & BBQ

Shwe Family Hot Pot and BBQ စားသောက်ဆိုင် ကို ဇွန်လ၊ ၂၀၁၆ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်မှာ ကျယ်ဝန်းပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနှင့် အလှဆင်ထားကာ နေရာထိုင်ခင်းများမှာလည်း သပ်ရပ်သန့်ရှင်းပါတယ်။ ကျယ်ဝန်းသော ကားပါကင်ရှိခြင်းကလည်း စားသုံးသူများကို အဆင်ပြေစေမှာပါ။

စားသုံးသူ ဦးရေ အယောက် ၁၀၀ လောက်အထိ ဆန့်တော့ မွေးနေ့ပွဲ ၊ ကုမ္မဏီပွဲတွေ လည်းကျင်းပလို့ အဆင်ပြေပြီး အခန်းခသီးသန့်အပိုမကောက်ပဲ စီစဉ်ပေးတယ်လို့လဲ သိရပါတယ်။ အဲ့ဒီပွဲတွေကို ဘူဖေးအနေနဲ့စားမယ်ဆို တစ်ဦးကို ၉၀၀၀ ကျပ်လောက်နဲ့လဲ စီစဉ်ပေးထားပါတယ်။
ဆိုင်ပိတ်ရက် မရှိဘဲ နေ့စဉ် နံနက် ၁၁ နာရီခွဲ နာရီမှ ည ၁၁ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်ကို သုဝဏ္ဏပန်းခြံအနီး မှာဖွင့်လှစ်ထားတာဖြစ်ပြီး Air-Con ခန်းမနဲ့ အပြင်ဘက်မှာ သီးသန့်ဝိုင်းလေးတွေ ထားပေးထားတော့ ဆေးလိပ်သောက်သုံးသူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

A la carte စတိုင်ဖြစ်ပြီး ဈေးနှုန်းလေးတွေက ဟော့ပေါ့ အမျိုးအမည် တစ်ခုခြင်းစီကို ၅၀၀ ကနေ အများဆုံး ၁၅၀၀ နှုန်းလောက် ကျသင့်ပါတယ်။ အမျိုးပေါင်း ၆၀ လောက်ရှိပြီး တစ်ဦးကို ပျမ်းမျှ (၇၀၀၀) ကျပ်လောက်ဆိုရင် ၀၀လင်လင် သုံးဆောင်နိုင်မှာပါ။ ကြက်သား၊ ၀က်သား အရည်ကို Base ထားပြီး အချို၊ အစပ်၊ တုန်ရမ်းဆိုပြီး မှာယူနိုင်ပါတယ်။ အချိုရည်ကတော့ အရသာတော်တော် လေးနက်ပါတယ်။ အချို နဲ့ တုန်ရမ်း ဟင်းရည်ကိုရောစပ်ပြီး စားကြည့်ဖို့လည်း တိုက်တွန်းလိုက်ချင်ပါတယ်။

တစ်ခြားဆိုင်တွေနဲ မတူတဲ့ထူးခြားချက်လေးတွေက ၀က်သားဖတ်၊ ကြက်သားဖတ်ကလေးတွေနဲ့ အရိုးနုလေးတွေက ဟင်းရည်ထဲမှာ ပါပါတယ်။ နောက်တစ်ခုက အဲ့ဒီ ဟော့ပေါ့စားပြီး ရင်ပူခြင်းမရှိတာပါ။ ကြက်အရေခွံကလည်း တော်တော်အရသာ၇ှိပါတယ်။

ကချင်စတိုင် ဆိတ်သားခြောက်ကင် ၊ ၀က်နံရိုးနုကင် ၊ ကြက်သားကင် ၊ ၀က်သုံးထပ်သားကင် ၊ မာလာဟင်း ၊ ဂဏန်းချဉ်စပ်မဆလာ ၊ ၀က်နံရိုး ၊ မာလာဟင်းနဲ့ ကချင်ငါးပေါင်း တို့ကတော့ နာမည်ကြီး ရောင်းအားကောင်း ဟင်းလျာတွေဖြစ်ပါတယ်။

စားပွဲဝိုင်းစတိုင်တွေကတော့ စုပေါင်းစားရတဲ့ အိုးကြီးအပြင် တစ်ဦးစီသီးသန့်စားလို့ ရတဲ့ အိုးသေးလေးတွေပါတဲ့ဝိုင်းလေးတွေ လည်းရှိသေးတယ်။ နေ့လည်နေ့ခင်းပိုင်းတွေမှာလည်း lunch အတွက် ဟင်းပွဲများနဲ့ အကင်များ သီးသန့်ရောင်းချပေးပါတယ်။ ရေပန်းစားနေသော ဘီယာပုလင်းမျိုးစုံကိုလည်း ၀ယ်ယူရရှိနိုင်ပါတယ်။

Hot Pot နဲ့ BBQ ကို အရသာရှိရှိ နဲ့ စားသုံးချင်သူတွေအတွက် ၊ သန့်သန့်ရှင်းရှင်း ကျယ်ကျယ်ဝန်းဝန်နဲ့ဆိတ်ငြိမ်အေးချမ်းတဲ့ဆိုင်လေးတွေကိုရှာနေသူတွေအတွက် ၊ မိသားစုနဲ့ဖြစ်ဖြစ် အတွဲနဲ့ဖြစ်ဖြစ် ၊ သူငယ်ချင်း လုပ်ဖော်ကိုင်ဘက်များနှင့်ဖြစ်ဖြစ် သုံးဆောင်လိုသူတွေအတွက် ၊ ကားပါကင် ကျယ်ကျယ်ဝန်းဝန်းနဲ့ဆိုင်လေးတွေကို ကြိုက်နှစ်သက်သူတွေ အတွက် သုဝဏ္ဏပန်းခြံအနီး ခရမ်းစာသင်တိုက် မုခ်ဦးကြီးရှိတဲ့ လမ်းထဲကSHWE FAMILY HOT POT & BBQ ဆိုင်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Shwe Family Hot Pot & BBQ

Shwe Family Hot Pot & BBQ

  • Nai 2896
  • Nai 2911
  • Nai 2939

Application

Recent Movie

Monthly Promotions

Fuji-Sushi
Fuji Sushi Japanese Food

Mobile coupon and get deals!

Fuji Sushi Japanese Food) is excellent service ...


Cafedesoul
Cafe DEL SeOUL Restaurant & Bar

Mobile coupon and special discount!

Cafe del SeOUL is a Casual Fine dining/European Cuisine restaurant. ....

Another Spot

Moe Pearl Dental Clinic ( 1 )

Moe Pearl Dental Clinic ( 1 )

No B4, Yadanar Mon Housing, Yadanar Street, Thingangyun Township,Yangon
များများဖတ်ရန်

369 Chinese Cuisine Restaurant

369 Chinese Cuisine Restaurant

No.6/8, Than Thu Mar Street, Thingangune Township
များများဖတ်ရန်

Hmwe Dental Clinic

Hmwe Dental Clinic

No 58, Lay Daunt Kan Main Road,Thingangyun Township,Yangon
များများဖတ်ရန်