များများဖတ်ရန်
  • အနောက်တိုင်း အစားစာ
  • K.6500-100000
  • K.6500-100000

Sharky’s ဆိုင် ၁ ကိုတော့ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့ မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ရန်ကုန်မြို့ မှာ ဆိုင်ခွဲ ၂ ဆိုင် ဖွင့်လှစ်ထားပါတယ်။ သဘာဝဆန်ဆန် စတိုင်ကျလှပတဲ့ ဆိုင်အပြင်ဆင်၊ သန့် ရှင်းသပ်ရပ်မှု့ ၊ နွေးထွေးပြီးသက်တောင့်သက်သာရှိတဲ့ ဆိုင် အပြင်ဆင် များနှင့် ၀န်ဆောင်မှု့ လည်းကောင်းမွန်ပါတယ်။ ဆိုင်ရဲ့ အဓိက အစားအစာ ကတော့ အနောက်တိုင်းအစားအစာများဖြစ်ပြီး ဟင်းလျာ များအားလုံးကို လည်း နိုင်ငံခြားသား စားဖိုမှူး ကြီး များကိုယ်တိုင် ချက်ပြုတ် ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

အနောက်တိုင်း အစားအစာ များ အပြင် ဘာဂါ၊ ပီဇာ၊ ပါစတာ၊ ပင်လယ်စာ များကို လည်း ရရှိနိုင်ပြီး ခြံထွက် အသီးရွက် စုံ အသုပ်များကိုလည်း ရရှိနိုင်ပါတယ်။ သောက်စရာ အတွက်ကတော့ ၀ိုင်၊ ရာသီချိန် သစ်သီးဖျော်ရည်များနှင့် Refreshment Juice များကို လည်း ရရှိနိုင်ပါတယ်။

ဘာဂါ နှင့် ပီဇာ မှာ ပါဝင်တဲ့ ပစ္စည်းများ ကိုတော့ Homemade ပစ္စည်းများကိုသာ အသုံးပြုထားပြီး ဒိန်ချဉ် နှင့် အသားများကို တော့ ခြံထွက် ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် သန့် ရှင်းလတ်ဆတ်စွာ စားသုံးနိုင်မှာဖြစ်ပါတယ်ရှင်။ ဒီဆိုင်လေးကို သွားစားမယ်ဆိုရင်တော့ အမဲသား မိုးခိုသားမှာ အရမ်းနူးညံ့ပြီး အရသာရှိလှတာကြောင့် စားသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။

ကောင်းမွန်သော ဆိုင်ပတ်ဝန်းကျင် နှင့် လေကောင်း လေသန့် လည်းရရှိသောကြောင့် မိတ်ဆွေ များနှင့် ဖြစ်စေ ၊ ကိုယ်ချစ်ရတဲ့ သူတွေ နှင့် အစားသောက်ကောင်း များ စားသောက်နိုင်သောဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ စားသောက်ခန်းမ မှာ ဧည့်သည် ၁၀၀ ခန့် စားသုံးနိုင်မှာဖြစ်ပြီး အတွင်း၊ အပြင် ထိုင်ခုံ များလည်း ပါရှိပါတယ်။ ဒါ့အပြင် Business Dining, Family Dining, Group Party နှင့် Birthday Party များကိုလည်း ကျင်းပနိုင်ပါတယ်။ အထူးသဖြင့် ဒီဆိုင်လေး ကတော့ ဆိတ်ငြိမ်အေး ချမ်းစွာ စားသုံးလိုသူတွေ အတွက် အဆင်ပြေပြီး နိုင်ငံသားခြားသား ဧည့်သည် များ အများဆုံး လာရောက် အားပေး သော ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။

Sharky's Restaurant (Dhammazedi Road)

  • အနောက်တိုင်း အစားစာ
  • အီတလီစတိုင်ခေါက်ဆွဲ | ပီဇာ | အချိုပွဲ
  • ခရစ်ဒစ်ကတ်
  • ဆေးလိပ်သောက်ခွင့် | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | ဇိမ်ခံပစ္စည်း | သင်တင့်သောဈေးနှုန်း
  • +951524677
  • +951373009
  • 08:00 AM - 10:30 PM ( ဘာမှမရှိပါ )
  • 117, Dhamazedi Road, Sanchaung Township, Yangon
  • Facebook
  • 100

ထောက်ခံချက် အမှတ်အသား