• 906 view

  • Burmese | Thai | Rice & Curry | Shan Food | Café | Take Away | Wi-Fi | English | Air conditioner | English Menu | Breakfast | Lunch | Dinner | Couples | Groups / Party | Tourists | Men | Woman | Reasonable

Shan Kitchen

Shan Kitchen စားသောက်ဆိုင်ကို နိုဝင်ဘာလ ၊ ၂၀၁၆ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နဝဒေလမ်း ၊ ဒဂုံမြို့နယ်မှာ တည်ရှိပါတယ်။ ဆိုင်လေးက နှစ်ထပ်ရှိပြီး လူဦးရေ ၃၅ ယောက်ခန့် ဝင်ဆန့်တဲ့ နေရာထိုင်ခင်းများ ရှိပါတယ်။ အပေါ်ထပ်မှာ အေးအေးဆေးဆေး စားသောက်နိုင်သလို အောက်ထပ်မှာ လွတ်လွတ် လပ်လပ် ထိုင်ကာ သုံးဆောင် နိုင်မှာ ဖြစ်ပါတယ်။ ဆိုင်ကို မြန်မာ့ရိုးရာ ဆန်ဆန် နှင့် ပုသိမ်ထီးလေးများ၊ မီးအိမ်လေးများနဲ့ လှပစွာ ပြင်ဆင်ထားတာကြောင့် မြန်မာလူမျိုးများ သာမက နိုင်ငံခြားသားများပါ သဘောကျ နှစ်ခြိုက်စွာ လာရောက် သုံးဆောင်တဲ့ နေရာ တစ်နေရာ ဖြစ်ပါတယ်။
Shan Kitchen မှာ ဆိုရင်တော့ အမျိုးအစား စုံလင်တဲ့ ရုမ်းရိုးရာ အစားအစာများနဲ့ ထိုင်း အစားအစာ ဟင်းလျာ တစ်ချို့ကို တစ်နေရာတည်းမှာပဲ စုံလင်စွာ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ အပြင် လတ်ဆတ်တဲ့ ရာသီပေါ် သစ်သီး ဖျော်ရည်များ နဲ့ မေမြို့ကော်ဖီ ကိုလည်း တွဲဖက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အစားအသောက်များကို ပြင်ဆင်ပေးတဲ့ စားဖိုမှူးမှာ လည်း ဝါရင့်ကျွမ်းကျင်သူ ဖြစ်တာကြောင့် အစားအစာများရဲ့ အရသာမှာ ထူးခြားကောင်းမွန်နေမှာ ဖြစ်ပါတယ်။
Shan Kitchen သည် မွေးနေ့ပွဲ ၊ Gathering Party ပွဲများ ၊ Small Group Party ပွဲများ ကျင်းပရန် အဆင်ပြေစေတဲ နေရာလေး တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းမှာလည်း သင့်တင့် မျတပြီး အနည်းဆုံး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဝန်းကျင် ခန့်ရှိပါတယ်။ ဆိုင်ရှိ ဝန်ထမ်းများမှာလည်း ဖော်ရွှေ ယဉ်ကျေးပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးတာကြောင့် ရောက်သွားသူတိုင်း စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အရောင်းရဆုံးနှင့် လူကြိုက်အများဆုံး အစားအစာများကတော့ တိုဖူးနွေး ၊ ရှမ်းခေါက်ဆွဲ ၊ မြီးရှည် နှင့် ကြက်ဆီထမင်းတို့ ဖြစ်ပါတယ်။

Mobile Coupon Promotion

Show the coupon on your mobile and get 10 % Discount until end of July 2017.

  • Shan kitchen

Shan Kitchen

Delicious food and drinks!

  • 5
  • 7
  • 16523743 10206938853268605 236467933 o

Recent Movie

Monthly Promotions

thuwunna-thai
Thuwunna Thai

Mobile coupon and get deals!

It is a nice place to enjoy with your family or friends to have a good meal. ...


freedom
Freedom Cafe (Botahtaung Branch)

Mobile coupon and special discount!

To enjoy with your lovely puppy since it has clean and cozy accommodation and beautifully decorated.....

Another Spot

Topps Hair and Beauty Salon

Topps Hair and Beauty Salon

No. 26 (C), R - 2, Nawaday St., Dagon Tsp., Yangon.
များများဖတ်ရန်

Fatman Bar & Grill

Fatman Bar & Grill

No.26 (A), Bo Ya Nyunt Street, Dagon Township, Yangon.
များများဖတ်ရန်