• 1096 view

  • Burmese | South East Asian | Others | Rice & Curry | Myanmar Noodles | Sea Food | Take Away | Alcohol | English | Lunch | Dinner | Couples | Tourists | Men | Woman | Reasonable

Sha Yi Kachin Food Restaurant

Sha Yi Kachin Food Restaurant ဆိုင်သည် ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုချိန်ထိ လူသိများသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာလေးကတော့ အမှတ်-၇၆ ၊ ဗိုလ်ချူပ်လမ်း ၊ လမ်း (၅၀) ၊ ပုဇွန်တောင် မြို့နယ်ပဲ ဖြစ်ပါတယ်။ ဆိုင်မှာ ရရှိနိုင်တဲ့ အစားအစာများကတော့ ကချင်ရိုးရာအစားအစာများ ၊ ကချင်ရိုးရာ ခေါင်ရည်နှင့် အခြားရာသီပေါ် သစ်သီးဖျော်ရည်များကို လတ်ဆတ်စွာဖြင့် ၀န်ဆောင်မှုပေးပါတယ်။ အထူးသဖြင့် ဆိုင်မှာ ရောင်းချဖို့အတွက် အသုံးပြုသော ပစ္စည်းများကို ကချင်ပြည်နယ်မှ နေ့စဉ်နေ့တိုင်း လေယာဉ်ဖြင့် မှာယူသောကြောင့် ကချင်ဒေသထွက် ရိုးရာအစားအစာများကို လတ်ဆတ်စွာဖြင့် စားသုံးနိုင်ပါတယ်။
ဆိုင်မှာဆိုရင်တော့ ပိန်းဥဟင်းရည် ၊ ၀က်ခြောက်ကင် ၊ ခရမ်းသီးကင် ၊ ငါးဖက်ထုတ်ပေါင်း များမှာ လူကြိုက်အများဆုံး ဟင်းလျှာများဖြစ်ပြီး ဆိုင်ရဲ့ အရောင်းရဆုံး ဟင်းလျှာများပဲ ဖြစ်ပါတယ်။ အထူးဟင်းလျှာများ အနေဖြင့် ကချင် ကြက်ဆီထမင်းနှင့် ကချင်ဒန်ပေါက် ကို စနေ ၊ တနင်္ဂနွေ နေု့မှ သာ ရရှိနိုင်ပါတယ်။ ဆိုင်ပိုင်ရှင်နှင့် စာဖိုမှုးမှာ ကချင်လူမျိုးဖြစ်ပြီး မိသားစု ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်တွင် သရက်သီးဖျော်ရည်များ ၊ ဖရဲသီးဖျော်ရည်များ ကိုလည်း လူကြိုက်များပါတယ်။
ပိုင်ရှင်ကိုယ်တိုင် ဦးစီးပြီး ချက်ပြုတ်သောကြောင့် ကချင်အစားအစာ အရသာကို မပျက် စားသုံးချင်သူများအတွက် အဆင်ပြေစေပါတယ်။ ဆိုင်ဖွင့်ချိန်မှာ နေ့လည် ၁၁ နာရီမှ စတင်ဖွင့်လှစ်သောကြောင့် နေ့လည်စာအတွက် ကချင်ရိုးရာ စားသုံးချင်သူများ အတွက် အဆင်ပြေစေပါတယ်။
ဆိုင်အပြင်အဆင်မှာလည်း သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ရှိပြီး အတွင်းပိုင်း ပြင်ဆင်မှုမှာတော့ ကချင်ရိုးရာ အနုပညာများဖြင့် ပြင်ဆင်ထားပါတယ်။ ဆိုင်မှာ လူဦးရေ ၆၀ ခန့်တစ်ပြိုင်နက် စားသုံးနိုင်ပြီး စားစရာများ၏ ဈေးနုန်းများမှာလည်း သင့်တင့်သောကြောင့် လူတန်းစား မရွေးစားသုံးနိုင်ပါတယ်။ ဆိုင်မှ ၀န်ထမ်းများမှလည်း လာရောက် စားသုံးသူများကိုလည်း ဖော်ရွေသော အပြုံးများဖြင့် သွက်လက်မြန်ဆန်စွာ ၀န်ဆောင်မှု ပေးပါတယ်။

Sha Yi Kachin Food Restaurant

Just show mobile coupon, can get 10% Off until End Of August

  • Shayi

Sha Yi Kachin Food Restaurant

Griller Pork Loins
Kachin Dried Pork

  • 22189 829627090453574 275207737382408535 n
  • 11226926 829626917120258 2734428179983509915 n
  • 10258724 824303674319249 513940503344481068 n

Sha Yi Kachin Food Restaurant

ကချင်ဇကောထမင်း

  • 11220877 829624773787139 540599056629475229 n
  • 11265195 829628150453468 8200963119170285578 n
  • 11391244 837828226300127 8135156368911649091 n

Recent Movie

Monthly Promotions

thuwunna-thai
Thuwunna Thai

Mobile coupon and get deals!

It is a nice place to enjoy with your family or friends to have a good meal. ...


freedom
Freedom Cafe (Botahtaung Branch)

Mobile coupon and special discount!

To enjoy with your lovely puppy since it has clean and cozy accommodation and beautifully decorated.....

Another Spot

Aurora Beauty Spa

Aurora Beauty Spa

No (21), Eain Gyi Street, Yaykyaw, Pazuntaung Township. Yangon.
များများဖတ်ရန်

Just Dessert

Just Dessert

Yay Kyaw Market, Pazundaung Tsp,Yangon, Myanmar
များများဖတ်ရန်

Pan Pan Tokyo Japan

Pan Pan Tokyo Japan

No.45, Ground Floor, Yay Kyaw Street, Pazunhtaung Township
များများဖတ်ရန်