များများဖတ်ရန်
  • တရုတ် အစားစာ / ထိုင်း အစားစာ / အခြား အစားစာ
  • K.2500-8500
  • K.2500-8500

Seven Star Restaurant ဆိုင်သည် ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုချိန်ထိ အောင်မြင်နေသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာလေးကတော့ အမှတ်-၄၆၀ ၊ သစ္စာလမ်း ၊ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသော တရုတ်အစားအစာများ ၊ ထိုင်းအစားအစာများ ၊ အရက်နှင့် ဘီယာများ ရရှိနိုင်ပြီး အအေးများနှင့် ရာသီပေါ်သစ်သီးဖျော်ရည်များကို စားသုံးသူများ စိတ်တိုင်းကျ ၀န်ဆောင်မှု ပေးသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ Seven Star Restaurant ဆိုင်သည် မနက် ၉ နာရီတွင် စတင်ဖွင့်လှစ်သောကြောင့် ဆိုင်ကောင်းကောင်းတွင် အရသာကောင်းကောင်း စားချင်သူများအတွက် အဆင်ပြေစေသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ မနက်စာ တွင်လည်း မြန်မာ့ရိုးရာများဖြစ်သော ထမင်းကြော်နှင့် အခြား အစားအစာများနှင့် လက်ဖက်ရည်များပါ ၀န်ဆောင်မှု ပေးသောကြောင့် အဆင်ပြေစေပါတယ်။
Seven Star Restaurant ဆိုင်တွင် ၀က်ဂုတ်သားကင်ကို ထိုင်းစတိုင်ဖြင့် ကင်ထားသော ဟင်းလျှာမှာ စားသုံးသူများ၏ လူကြိုက်အများဆုံးဖြစ်ပြီး ဆိုင်၏ အရောင်းရဆုံးလည်း ဖြစ်ပါတယ်။ ဆိုင်မှာ ကျယ်ဝန်းပြီး အပြင်ဘက်တွင် ကားရပ်နားရန်လည်း အဆင်ပြေစေပြီး ဆိုင်အပြင်အဆင်မှာလည်း ရိုှးရှင်းစွာဖြင့် ပြင်ဆင်ထားပါတယ်။ ဆိုင်ရဲ့ ဘေးပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တွင် ရှိသောကြောင့် ဆိုင်တွင် အေးဆေးထိုင်စားချင်သူများအတွက် အဆင်ပြေစေပါတယ်။ ဆိုင်မှာ ၂ ထပ်ရှိပြီး လူဦးရေ ၁၀၀ ခန့်တစ်ပြိုင်နက် စားသုံးနိုင်ပြီး မွေးနေ့ပွဲများ ၊ ပါတီပွဲများ ကျင်းပချင်သူများအတွက်လည်း ဆိုင်တာဝန်ခံမှ စိတ်တိုင်းကျဖြစ်အောင် တာဝန်ယူ ဆောင်ရွက်ပေးသောကြောင့် အဆင်ပြေစေပါတယ်။
Seven Star Restaurant ဆိုင်တွင် ၀န်ထမ်းများမှာလည်း ယဉ်ကျေးပျုငှာပြီး ဆိုင်အတွင်းသို့ ၀င်လာသူများအား မြန်ဆန်သော ၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှု ပေးပါတယ်။ ဈေးနုန်းကလည်း သင့်တင့်သောကြောင့် လူတန်းစားမရွေး စားသုံးနိုင်သောကြောင့် အဆင်ပြေစေသည်။ အလုပ်ဖိအားများကို လျှော့ချစေဖို့နဲ့ အရသာလည်းကောင်း ၊ ဈေးလည်းသင့်တဲ့ Seven Star Restaurant ကို တစ်ခါတစ်ခါလောက် သွားရောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Seven Star Restaurant

  • တရုတ် အစားစာ | ထိုင်း အစားစာ | အခြား အစားစာ
  • ထမင်း နှင့်ဟင်းလျာ
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ
  • စုံတွဲ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +959 73153157
  • 09:00 AM - 10:00 PM ( ဘာမှမရှိပါ )
  • No.460, Thisar Road , 3 Quarter, South Okkalapa Township
  • Facebook
  • 100

ထောက်ခံချက် အမှတ်အသား