များများဖတ်ရန်
  • ၈ျပန် အစားစာ
  • K.3800-7000
  • K.3800-7000

Ramen Monster ဆိုင်လေးသည် လှည်းတန်းစင်တာ Basement 1 တွင်တည် ရှိသော ဂျပန်ခေါက်ဆွဲဆိုင် လေးတစ်ဆိုင် ဖြစ်ပါသည်။

Ramen Monster မှရောင်းချသော ခေါက်ဆွဲများသည် ဂျပန်နည်း ပညာအတိုင်း ပြုလုပ်ထားပြီး ဆော်ဒါ၊ ကြက်ဥ တို့ကို အသုံးပြုထားခြင်းမရှိ သောကြောင့် စားပြီ သည်နှင့် ဝမ်းဗိုက်ထဲတွင် လေပွခြင်း ကို မဖြစ်စေပါ။

အရသာ ကတော့ ၀က်သားကို အခြေခံထားပြီး ဂျပန်အရသာ နှင့် မြန်မာအရသာကို ကိုက်ညီအောင် ရောစပ်ထား သောကြောင့် ခပ်ဆိမ့်ဆိမ့် အရသာလေးကို ခံစားရစေမှာပါ။ ထို့နောက် ပူပူစပ်စပ် အရသာလေးကို မှ ကြိုက်နှစ်သက်များ အတွက်လည်း ငရုပ်သီးအနှစ်နဲ့ အထူးပြုလုပ်ထား သော Spicy Ramen သည် လည်း ဆွဲဆောင်မှု အပြည့် အဝရှိစေပါသည်။

ဒါ့အပြင် Ramen Monster တွင် လူကြိုက်များပြီး စားလို့ကောင်းသော Ramen (၅) မျိုးမှာ Tonkotsu Ramen, Tsuke-Men, Charshu Ramen, Spicy Ramen, Negi Raman တို့ပဲဖြစ်ပါသည်။ ထို (၅) မျိုးထဲ မှ Tonkotsu Ramen ဆိုသော ခေါက်ဆွဲလေးမှာ လူကြိုက်များသော Ramen လေးဖြစ်ပါသည်။

Tonkotsu Ramen ၏ soup base မှာ ဝက်ရိုးကို (၈) နာရီကြာ နူးအိနေအောင် ပြုတ်၍ အရိုးရဲ့ အတွင်းထဲမှ ရိုးတွင်းချင်ဆီကို ရအောင်ယူပြီး ချက်ပြုတ်ထား သောကြောင့် အရသာရှိ လွန်းလှပါသည်။ ဒါ့အပြင် အချိုမှုန့် နှင့် ကြက်သားမှုန့် တွေကိုလည်း သုံးစွဲထားခြင်းမရှိလို့ ကျန်းမာရေးနှင့် အထူးညီညွတ်ပြီး ဆီးချိုရောဂါ ရှိသူများပါ စိတ်ချစွာ စားသုံးနိုင်ပါသည်။

ဒါကြောင့် ဂျပန်ခေါက်ဆွဲ ကောင်းကောင်းလေး ကိုသာလျှင် စားသုံးချင်သည် ဆိုပါက Ramen Monster ကိုသာအပြေးသွားရန် အကြံပေးလိုက်ပါသည်။

“Ramen Monster” ကလည်း သင့်အား အကောင်းဆုံး ဝန်ဆောင်မှု ပေးရန် စောင့်ကြိုနေပါသည်။

Ramen Monster

ထောက်ခံချက် အမှတ်အသား