Plus Six Five Charcoal Grill Restaurant ကို သြဂုတ်လ၊ ၂၀၁၆ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကင်း မြို့နယ် ၊ ပါရမီရိပ်သာ ၊ နှင်းဆီလမ်းတွင် တည်ရှိပါတယ်။ အေးချမ်း ဆိတ်ငြိမ်တဲ့ ခြံဝန်းအတွင်းဘက်မှာ ဖွင့်လှစ်ထားပြီး ကျယ်ဝန်းတဲ့ နေရာထိုင်ခင်းများ ရှိတာကြောင့် မိသားစု (သို့) သူငယ်ချင်းများနဲ့ လွတ်လပ်စွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ ကားဂိတ်အနီးမှာ တည်ရှိတာကြောင့် သွားလာရ အဆင်ပြေသလို ကိုယ်ပိုင်ကားနဲ့ လာတဲ့သူများအတွက်လည်း ကားရပ်နားရန် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
စုံလင်တဲ့ စင်ကာပူစတိုင် အသားကင် အမျိုးမျိုး၊ ပင်လယ်စာ အမျိုးမျိုးနှင့် အသီးအရွက် အမျိုးမျိုးတို့ကို ဘူးဖေး စတိုင် အဝစား စနစ်နဲ့ သုံးဆောင်နို်င်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Soft Drink အမျိုးမျိုးနှင့် ရေခဲမုန့်များ၊ သစ်သီးများကိုလည်း စားသောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘူဖေး စားသုံးချိန်ကို အချိန် တစ်နာရီခွဲ (မိနစ် ၉၀) သတ်မှတ်ထားပြီး ဈေးနှုန်း အနေနဲ့ လူကြီးတစ်ယောက်ကို ၉,၉၀၀ ကျပ် နှင့် ကလေးတစ်ယောက်ကို ၅,၉၀၀ ကျပ်သတ်မှတ် ထားပါတယ်။
ဒါ့အပြင် အနောက်တိုင်း အစားအစာများကိုလည်း တစ်ပွဲချင်းစီ မှာယူ သုံးဆောင် နိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်မှာ တနင်္လာနေ့မှ သောကြာနေ့ထိကို ညနေ ၅ နာရီမှ ည ၉ နာရီ အထိဖွင့်လှစ်တာကြောင့် ညစာ သုံးဆောင်နိုင်သလို၊ စနေ တနင်္ဂနွေနေ့များမှာတော့ နေ့လည် ၁၂ နာရီမှ ည ၉ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။
ဈေးနှုန်းမှာလည်း သင့်တင့် မျတပြီး ဝန်ထမ်းများမှာလည်း ဖော်ရွှေကာ ဝန်ဆောင်မှု ကောင်းမွန်တာကြောင့် ရောက်သွားသူတိုင်း စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Plus Six Five Charcoal Grill စားသောက်ဆိုင်သည် Group Party ၊ Birthday Party နှင့် Private Party များကျင်းပရန် အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Plus Six Five Charcoal Grill

  • ဆေးလိပ်သောက်ခွင့် | ကားရပ်ထားရန်နေရာ
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +959777326565
  • 12:00 AM - 09:00 PM ( ဘာမှမရှိပါ )
  • No.38, Hninsi Road, Parami Yatethar, 8 Ward, Yankin Township, Yangon
  • Facebook
  • 40

ထောက်ခံချက် အမှတ်အသား