• 1070 view

  • Italian | Western | Steak | Sea Food | Pasta | Pizza | Take Away | Alcohol | Parking | English | Air conditioner | English Menu | Lunch | Dinner | Couples | Groups / Party | Tourists | Business | Luxury

ORNG Kitchen Fine Dining French Restaurant

ORNG Kitchen Fine Dining French Restaurant ကို ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၆ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်တွင်တည်ရှိပါသည်။ တိတ်ဆိတ်အေးဆေးတဲ့ ပတ်ဝန်းကျင်ရှိသောကြောင့် မိသားစု (သို့) သူငယ်ချင်းများနှင့်အေးချမ်းစွာစားသောက်နိုင်တဲ့နေရာလေးတစ်ခုဖြစ်ပါသည်။
လူဦးရေ စုစုပေါင်း ၃၀ လောက်ဆန့်ပြီး ဆိုင်ဖွင့်ချိန် ပိတ်ချိန်လေးကတော့ နေ့လည် ၁၂ နာရီမှ ည ၉ နာရီခွဲ အထိဖြစ်ကာ တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါသည်။ ဆိုင်ရဲ့ အလှဆင်ပုံလေးကတော့ အနောက်တိုင်းက စားသောက်ဆိုင်လေးတစ်ခုထဲ ရောက်သွားသလို ခံစားရအောင် ပြင်ဆင်ထားပါသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားကာ နောက်ခံသံစဉ်တီးလုံး ၊ waiter များ၏ တစ်ဦးချင်း သီးသန့် ၀န်ဆောင်မှု နှင့် မီးအလင်းအမှောင် တို့ကြောင့် ကောင်းမွန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာ အသေအချာပါ။
ပြင်သစ်အစားအစာအမျိုးမျိုးကို အဓိကထားရောင်းချပြီး အီတလီအစားအစာ၊ ဥရောပအစားအစာနှင့် စပိန်အစားအစာတို့ကိုလည်းသုံးဆောင်နိုင်မှာဖြစ်ပါသည်။ အရက်၊ ဘီယာနှင့် အထူးရွေးချယ်ထားသည့်ဝိုင်များ၊ ကော့တေးများ၊ သစ်သီးဖျော်ရည်နှင့် အချိုပွဲတို့ကိုလည်း ရရှိနိုင်ပါသည်။ ဒါ့အပြင် Home Made Pasta နှင့်Home Made Bread တို့ကိုလည်း ORNG Kitchen တွင်သုံးဆောင်နိုင်ပါသည်။
Couple dinner များအတွက် Romance အရမ်းဆန်သလို date လုပ်လို့ အဆင်ပြေတဲ့နေရာလေး တစ်ခုဖြစ်ပါသည်။ Family Dinner များ ၊ Birthday Party အသေးလေးများ အတွက်လည်း သင့်တော်တယ့် နေရာလေးတစ်ခုပါ။
Set menu အမျိုးမျိုး ရရှိနိုင်သလို ဟင်းပွဲစီမံရာတွင်လည်း တစ်ခုချင်းစီ စားသောက်ရတာဖြစ်လို့ စားမြိန်သလို သက်တောင့်သက်သာဖြစ်စေမှာပါ။ ဆိုင်ရဲ့ အရောင်းရဆုံးနှင့် လူကြိုက်အများဆုံး အစားအသောက်များမှာ ပင်လယ်စာအစုံဟင်းပွဲ ၊သြစတေးလျအမဲမိုးခိုသား နှင့် ဝိုင်များဖြစ်ပါသည်။
အစားအသောက်များအားလုံး ဝါရင့် နိုင်ငံခြား အတွေ့အကြုံရှိ စာဖိုမှူးများမှ ပြင်ဆင်ချက်ပြုတ်သောကြောင့် ထူးခြားကောင်းမွန်တဲ့ အရသာကိုခံစားပြီး စာသုံးနိုင်မှာဖြစ်ပါသည်။

Chef's special dishes

Img 1053 Set Menu Dishes - Price 30000 MMK for full set

Chef's special dishes

  • Img 1112 Set Menu Dishes - Price 30000 MMK for full set
  • Img 1103 Set Menu Dishes - Price 30000 MMK for full set
  • Img 1115 Set Menu Dishes - Price 30000 MMK for full set

Application

Recent Movie

Monthly Promotions

Fuji-Sushi
Fuji Sushi Japanese Food

Mobile coupon and get deals!

Fuji Sushi Japanese Food) is excellent service ...


Cafedesoul
Cafe DEL SeOUL Restaurant & Bar

Mobile coupon and special discount!

Cafe del SeOUL is a Casual Fine dining/European Cuisine restaurant. ....

Another Spot

New Doreen Restaurant

New Doreen Restaurant

No.164-168,Upper Wada Street,Latha Township,Yangon .
များများဖတ်ရန်

The Class Restaurant & Bar

The Class Restaurant & Bar

No. 161, Warden Street, Lanmadaw Township, Yangon.
များများဖတ်ရန်

Feel Restaurant

Feel Restaurant

No.790, 1st Floor Danathiha Center, Corner of Bogyoke Rd & Wardan St,Lanmadaw Tsp,Yangon
များများဖတ်ရန်