များများဖတ်ရန်
  • ထိုင်း အစားစာ
  • K.2500-20000
  • K.2500-20000

My Siam Thai စားသောက် ဆိုင် ၂ ကိုတော့ ၂၀၁၆ ခုနှစ် ၊ သြဂုတ်လ ၂၉ ရက်နေ့ က ဘုန်းကြီးလမ်း နှင့် အနော်ရထာလမ်းထောင့် ၊ စံပြ ရုပ်ရှင်ရုံ မြေညီထပ်၊ လမ်းမတော် မြို့ နယ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ My Siam ကတော့ ရန်ကုန် မြို့ မှာ ဆိုင်ခွဲ ၂ ဆိုင်ဖွင့်လှစ်ထားပါတယ်။

ရိုးရှင်းပြီး စတိုင်ကျ လှပတဲ့ ဆိုင် အပြင်ဆင်များ ၊ သန့် ရှင်းသပ်ရပ်ပြီး သက်တောင့် သက်သာ စားသုံးနိုင်သော နေရာထိုင်ခင်း များ ၊ ဧည့်သည် ၅၀ ခန့် စားသုံး နိုင်မည် ဖြစ်ကာ စံပြ ရုပ်ရှင် ရုံမှာ ရှပ်ရှင်ကြည့်ပြီးသည့်နောက် အရသာ ရှိသော အစားအစာ များကို အေးအေး ချမ်းချမ်း စားသုံးနိုင်မှာ ဖြစ်ပါတယ်။

ပျမ်းမျှ ကုန်ကျစရိတ်ကတော့ နေ့ လည်စာ နှင့် ညစာ အတွက် ၂၅၀၀ ကျပ် မှ ၂၀၀၀၀ ကျပ် အထိ ကုန်ကျနိုင်ပါတယ်။

ဆိုင်ရဲ့ အဓိကအစားအစာတွေကတော့ ထိုင်းအစားအစာ ဖြစ်ပြီး အရသာ ရှိတဲ့ ထိုင်းဟင်းလျာ မျိုးစုံကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ သောက်စရာအတွက် ကတော့ ရာသီချိန် သစ်သီးဖျော်ရည် များနှင့် ဘန်ကောက်မှ တင်သွင်းသော Refreshment Juices များကို ရရှိနိုင်ပါတယ်။

ကုန့် ထန် ကတော့ ဆိုင်ရဲ့ အဓိက ဟင်းလျာ ဖြစ်ပြီး ပန်းဂဏာန်းသဘောင်္သီးထောင်း ၊ ဂဏာန်းမဆလာကြော်၊ ယိုးဒယား ၀က်အူ အစာသွပ် နှင့် ရေခဲ နန်းတော် တို့ ကတော့ ဆိုင်ရဲ့ လူကြိုက်အများဆုံး အစားအစာ ပဲ ဖြစ်ပါတယ်။ ဟင်းလျာ များအားလုံးကိုတော့ ၀ါရင့် စားဖိုမှူးကြီးမှ ပြင်ဆင်ပေးထားတာ ဖြစ်လို့ စစ်မှန်တဲ့ ထိုင်းအရသာ ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အံ့သြဖွယ် ၀န်ဆောင်မှု့ ၊ ၀န်ထမ်းများမှာ လည်း ဖော်ရွေသောကြောင့် ဒိတ်လုပ်ချင်သူများ ၊ မွေးနေ့ ပါတီ၊ အဖွဲ့ လိုက်ပါတီ ကျင်းပချင် သူများ နှင့် Family Dining ပြု လုပ်ချင်သူများအတွက် အဆင်ပြေတဲ့ နေရာ တစ်ခုဖြစ်ပြီး ဈေးနှုန်းလည်း သင့်တင့်ပါတယ်။

My Siam Thai Restaurant မှ လူကြီးမင်းအား အကောင်းဆုံးသော ၀န်ဆောင်မှု့ များပေးဖို့ စောင့်မျှော်နေပါတယ်။

My Siam II Thai Restaurant

  • ထိုင်း အစားစာ
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +951211702
  • +959774304469
  • 11:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • No.210,Corner of Anawrahta Road & Phone Gyi Road, Ground floor of Sanpya Cineplex, Yangon
  • Facebook
  • 50

ထောက်ခံချက် အမှတ်အသား