များများဖတ်ရန်
  • တရုတ် အစားစာ / ထိုင်း အစားစာ
  • K.5000-10000
  • K.5000-10000

My Kitchen စားသောက်ဆိုင်ကိုတော့ ကန်ဘဲ လမ်း၊ ရန်ကင်း မြို့ နယ် ၊ ရန်ကုန်မြို့ မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ My Kitchen ကိုတော့ ယခင် Malaysian Kitchen နာမည် ဖြင့် ဗိုလ်တစ်ထောင် ဘုရားလမ်းမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ရိုးရှင်းပြီး စတိုင်ကျ ဆိုင်အတွင်းပိုင်း အပြင်အဆင်များ ၊ သန့် ရှင်းသပ်ရပ် သော အတွင်း ၊ အပြင် နေရာ ထိုင်ခင်း များလည်း ပါရှိသော ကြောင့် အရသာရှိသော အစားအစာ များကို သက်တောင့်သက်သာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

ပျှမ်းမျှ ကုန်ကျစရိတ်ကတော့ တစ်ယောက်ကို နေ့ လည်စာ အတွက် ၅၀၀၀ ကျပ် နှင့် ညစာအတွက် ၁၀၀၀၀ ကျပ် အထိ ကျသင့်နိုင်ပါတယ်။

မလေးရှားအစားအစာ ကတော့ ဆိုင်ရဲ့ အဓိက အစားအစာ ဖြစ်ပြီး တရုတ်အစားအစာ ၊ ထိုင်းအစားအစာ ၊ ဘူဖေး၊ One Motion တို့ ကိုလည်း ရရှိနိုင်ပြီး သောက်စရာ အတွက်တော့ အသီးဖျော်ရည် များနှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါတယ်။ ဟင်းလျာများအားလုံးကိုတော့ အတွေ့ ကြုံ ရင့်ကျက်သော နိုင်ငံခြားသား စားဖိုမှူးကြီး မှ ချက်ပြုတ် ပြင်ဆင်ပေးထားဖြစ်လို့  အရသာပြည့်ဝသော မလေးရှား အစားအစာ များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ငါးဟော့ပေါ့ နှင့် ကြက်သား ဟင်းတို့ ကတော့ ဆိုင်ရဲ့ အရောင်းရဆုံး အစားအစာ နှင့် လူကြိုက်အများဆုံး အစားအစာ ဖြစ်ပြီး အရသာ ပြည့်ဝ ကာ ဈေးနှုန်းလည်း သင့်တင့်သော စားဖိုမှူးကြီးများမှ မြည်းစမ်းကြည့်ဖို့ အကြံပြု ထားပါတယ်။ ယခုအခါ My Kitchen မှ Hainanese ကြက်ဆီ ထမင်း နှင့် Seafood BBQ Menu များကိုလည်း ရရှိနိုင်ပြီ ဖြစ်ပါတယ်။

အထူးသဖြင့် My Kitchen ကတော့ Business Dining များ၊ Gathering Party ၊ Birthday Party နှင့် Couple Dating များအတွက် လည်း အဆင်ပြေပြီး မလေးရှားအစားအစာ ကြိုက်နှစ်သက်သော နိုင်ငံခြားသား များအတွက် လည်း အဆင်ပြေတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ၀န်ထမ်းများ မှာလည်း အင်္ဂလိပ်ဘာသာ စကား ပြောဆိုနိုင်ပြီး ၀န်ဆောင်မှု့ လည်းကောင်းမွန်သော ဆိုင်လေး ပဲ ဖြစ်ပါတယ်။

My Kitchen

  • တရုတ် အစားစာ | ထိုင်း အစားစာ
  • ထမင်း နှင့်ဟင်းလျာ | ဟော့ပေါ့
  • သီးသန့်အခန်း | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | သင်တင့်သောဈေးနှုန်း
  • +959260032822
  • 11:00 AM - 10:00 PM ( ဘာမှမရှိပါ )
  • No.462, Kanbae Road, Yankin Township, Yangon
  • Facebook
  • 50

ထောက်ခံချက် အမှတ်အသား