များများဖတ်ရန်
  • ထိုင်း အစားစာ / ကဖီး / ကိတ်မုန့်  /ပေါင်မုန့်
  • K.800-4500

My House Café ဆိုင်လေးသည် နံပါတ် ၅၇ ၊ စမ်းချောင်းလမ်းမကြီး ၊ မင်းလမ်း ၊ စမ်းချောင်းမြို့နယ် တွင် တည်ရှိပါသည်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် ၈နာရီခွဲမှ စတင်ဖွင့်လှစ်ကာ ည ၈နာရီခွဲထိ ဖြစ်ပြီး ပိတ်ရက်မရှိ နေ့စဉ် ဖွင့်လှစ်ပါသည်။ ဆိုင်အပြင်အဆင်လေးသည် ဖန်စီကျကာ သန့်ရှင်းသပ်ရပ်ပြီး နွေးထွေးပြီးသက်တောင့်သက်သာရှိသောနေရာထိုင်ခင်းများ ၊ သန့်ရှင်းသပ်ရပ်တဲ့ပတ်ဝန်းကျင်နှင့် ဆိုင်အတွင်းတွင် အအေးခန်းတပ်ဆင်ထားကာ ဆိုင်ရှိ အခမ်းအနားအပြင်အဆင်တွေအားလုံးသည် စတိုင်ကျခေတ်မှီလှပပါသည်။ ဆိုင်လေးသည် လာရောက်စားသုံးသော ဧည့်သည်များအတွက် လွန်စွာ သက်တောင့်သက်သာရှိသော ဆိုင်လေးဖြစ်ပါသည်။ ဆိုင်လေးတွင် selfie corner အသေးစားလေးလည်း ရှိပါသည်။ ဆိုင်တွင် ရရှိနိုင်တဲ့ အဓိကအစားအစာတွေကတော့ ထိုင်းအစားအစာ ဖြစ်ပြီး Cup Cake ၊ ထမင်း နှင့် ဟင်း ၊ ပင်လယ်စာများ ၊ Cold Pressed Juice ၊ Smoothie ၊ Soft Drink နှင့် ပေါင်မုန့်အမျိုးအစားပေါင်းစုံ ၊ Toast and Snow Ice Cream တို့ကိုလည်း ရရှိနိုင်ပါသည်။ ဆိုင်တွင် အရောင်းရဆုံးနှင့် လူကြိုက်အများဆုံး အစားအစာတွေကတော့ My Pwer Beauty ဆိုတဲ့ အအေးလေးဖြစ်ပြီး သခွားသီး ၊ ပန်းသီး ၊ နာနတ်သီး ၊ ဟင်းနုနယ် နှင့် တရုတ်နံနံပင် တို့ကို ရောစပ် ဖျော်ထားတဲ့ဆိုင်လေးဖြစ်ပြီး Honey Toast ၊ Ovaltine Malty Mania ၊ ပြင်သစ်အာလူးချောင်းကြော် တို့သည် ဆိုင်ရဲ့ နာမည်ကြီးလှတဲ့ အစားအသောက်တွေဖြစ်ပါသည်။ ဆိုင်ရှိအစားအသောက်တွေအးလုံးသည် အရသာရှိကာ ဈေးနှုန်းတွေအားလုံးသည် သင့်တင့်လှပါသည်။ ဆိုင်တွင် Wi-Fi Free လည်းပေးထားသည့်အတွက် အဆင်ပြေလှပါသည်။ ဆိုင်လေးသည် သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ သွားရောက်လည်ပတ်လို့ကောင်းသည့် ဆိုင်လေးဖြစ်ပြီး group party ၊ business meeting နှင့် ချစ်သူစုံတွဲတွေ သွားရောက်လို့ကောင်းသည့် ဆိုင်လေးတစ်ဆိုင် ဖြစ်ပါသည်။

My House Cafe

  • ထိုင်း အစားစာ | ကဖီး | ကိတ်မုန့်  /ပေါင်မုန့်
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ | ရိုးရာမုန့် | ဟင်းပွဲအသေး | ပေါင်မုန့် | သစ်သီးဖျော်ရည် | အအေး
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | စီးပွားရေး လုပ်ငန်းရှင် | ဇိမ်ခံပစ္စည်း | သင်တင့်သောဈေးနှုန်း
  • 09773674422
  • 09:00 AM - 10:00 AM ( ဘာမှမရှိပါ )
  • No.57, Sanchaung Road, Min Street, Sanchaung Township, Yangon
  • အနီးအနား ရှမ်းလမ်း မှတ်တိုင်
  • Facebook
  • 50

ထောက်ခံချက် အမှတ်အသား