များများဖတ်ရန်
  • တရုတ် အစားစာ / အနောက်တိုင်း အစားစာ / အခြား အစားစာ
  • K.3000-14000
  • K.3000-14000

My Garden

My Garden သည်ရန်ကုန်မြို့တွင် နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ပြည်သူ့ရင်ပြင်၊ အလုံလမ်းမပေါ်၊ ဒဂုံမြို့နယ်တွင် တည်ရှိပါသည်။ My Garden စားသောက်ဆိုင်ကို 2010၊ ဇူလိုင်လတွင်ဖွင့်လှစ်ခဲ့ပါသည်။ ကျယ်ဝန်းသောကားပတ်ကင်လည်းရှိပါသည်။

ရိုးရှင်းပြီး စတိုင်ကျ အတွင်းပိုင်း အပြင်ဆင် ၊ ခေတ်မှီ လှပတဲ့ Setting များ ၊ သန့် ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်သော ပတ်ဝန်းကျင် ၊ လေကောင်းလေသန့် လည်း ရရှိနိုင်ပြီး ဧည့်သည် 400ခန့်စားသုံးနိုင်ပါသည်။

ပျမ်းမျှကုန်ကျစရိတ်ကတော့ တစ်ယောက်ကိုနေ့လည်စာနှင့်ညစာ နှစ်မျိုးစလုံးတွင် 3000 မှ 14000 ခန့်ထိကျသင့်နိုင်ပါသည်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် 6:30မှ ည 11:30ထိဖြစ်ပြီး ပိတ်ရက်မရှိဖွင့်လှစ်ပါသည်။

ပိုင်ရှင်မှာ ရှမ်းတရုတ် ဖြစ်ပြီး စားဖိုမှူးမှာလည်း ဝါရင့်အတွေ့ကြုံရှိ တိုင်းရင်းသားများပင် ဖြစ်သည်။ တရုတ်အစားအစာများ၊ အရှေ့တိုင်းအစားအစာများ၊ ရှမ်းစာ၊ Pork Stick၊ ကြေးအိုး၊ ဒင်ဆမ်း၊ ပင်လယ်စာ၊ အသီးများနှင့် ကော်ဖီတို့ကိုရရှိနိုင်ပါသည်။

ဆိုင်၏ လူကြိုက်အများဆုံး အစားအစာမှာ ဝက်ဂုတ်သားကင်၊ ဆိတ်ထောင်းနှင့် ကြက်ပျားရည် တို့ ဖြစ်သည်။ ခေတ်မှီသန့်ရှင်းသော အပြင်အဆင်များ၊အရသာကောင်းသော ဟင်းလျာများကြာင့် လူကြိုက်များသည့် အဆင့်မြင့်ဆိုင်တစ်ဆိုင် ဖြစ်သည်။

အထူးသဖြင့် Business Dining များ၊ Family Dining များ ၊ Gathering Party ၊ Birthday Party နှင့် အခြားသော Social Event များကိုလည်း ဈေးနှုန်းသင့်တင့်စွာ ကျင်းပနို်င်သည့် ဆိုင်လေး ဖြစ်ပါသည်။

အစားအသောက်ကောင်းကြိုက်သူများနှင့် အစားအသောက်များသုံးဆောင်ရင်း Live Music ခံစားရတာ ကြိုက်သူများအတွက် နေရာကောင်းလေးတစ်ခုဖြစ်ပါသည်။

My Garden

  • တရုတ် အစားစာ | အနောက်တိုင်း အစားစာ | အခြား အစားစာ
  • ရှမ်း အစားစာ | ဒင်းဆန်း | အချိုပွဲ
  • ဆေးလိပ်သောက်ခွင့် | သီးသန့်အခန်း | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +951372822
  • 06:30 AM - 11:30 PM ( ဘာမှမရှိပါ )
  • People Park, Ahlone Road, Dagon Township, Yangon
  • အနီးအနား ဟယ်ပင် မှတ်တိုင် 15 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • 400

ထောက်ခံချက် အမှတ်အသား