များများဖတ်ရန်
  • တရုတ် အစားစာ / ကိုရီးယား အစားစာ / ထိုင်း အစားစာ
  • K.6000-10000
  • K.6000-10000

Mr Chef (Sanpya Branch) ကိုတော့ စံပြရုပ်ရှင်ရုံဘေး မြေညီထပ်မှာဖွင့်လှစ်ထားတာ ၂ နှစ်ကျော် ရှိပြီ ဖြစ်ပါသည်။ ရန်ကုန် မြို့တွင် လူသိများသော ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆိုင်ခွဲပေါင်းများစွာ ရှိနေပြီဖြစ်ပါသည်။ ဆိုင်ဖွင့်ချိန်မှာ မနက် ၉နာရီမှ ည ၁၀နာရီအထိဖြစ်ပြီး ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ်ပါသည်။ ဆိုင်အပြင်အဆင်မှာ ခေတ်မှီလှပပြီး သန့်ရှင်းသပ်ရပ်ပါသည်။ ဆိုင်နေရာ ကျယ်ဝန်းကာ လူဦးရေ ၅၀အထိ စားသုံးနိုင်ပါသည်။ ကျောင်းသားအများစု လာရောက်စားသုံးကြသော ဆိုင်တစ်ဆိုင်လည်းဖြစ်ပါသည်။ ပျမ်းမျှကုန်ကျစရိတ်ကတော့ တစ်ယောက်ကို နေ့လည်စာနှင့် ညစာ နှစ်မျိုးစလုံးတွင် ၇၀၀၀ မှ ၁၀၀၀၀ ကျပ်အထိကျသင့်နိုင်ပါသည်။ ဆိုင်တွင် Wi-Fi Free လည်းပေးထားသည့်အတွက် နိုင်ငံခြားသား ဧည့်သည်များနှင့် ကျောင်းသားများ၊ လာရောက်စားသုံးကြသော ဧည့်သည်များအတွက်လည်း အဆင်ပြေလှပါသည်။ ဆိုင်ရဲ့ အဓိက menu ကတော့ တရုတ်အစားစာနဲ့ ထိုင်းအစားစာတို့ ဖြစ်ပြီး ရာသီချိန်သစ်သီးဖျော်ရည်များ၊ ရေခဲမုန့် နှင့် Fresh Juice၊ထမင်း၊ ဘာဂါ၊ ကော်ဖီ၊ သက်သက်လွတ်သမားများအတွက် အသီးအရွက်များ၊ အသားများ၊ ပင်လယ်စာများ၊ ခေါက်ဆွဲများ ရရှိနိုင်ပါသည်။ လူကြိုက်အများဆုံးအစားအစာများကတော့ one motion Hot Pot ဖြစ်ပြီး menu set များထဲမှ မိမိကြိုက်နှစ်သက်ရာ စားသုံးနိုင်မှာဖြစ်ပြီး ဈေးနှုန်းလည်းသက်သာပါသည်။ ဈေးဝယ်ထွက်ရင်း စားသုံးချင်သူတွေအတွက်လည်း အဆင်ပြေပါသည်။ ဆိုင်တွင် အစားအသောက်မျိုးစုံကို တစ်ပြိုင်တည်း ရွေးချယ်နိုင်မည်ဖြစ်ပြီး၊ ၀န်ဆောင်မှုကောင်းပြီး ဖော်ရွေသောဝန်ထမ်းများကြောင့် ဆိုင်တွင်အမြဲ လူစည်ကားလျက်ရှိပါသည်။ အထူးသဖြင့် Mr. Chef ဆိုင်သည် ချစ်သူစုံတွဲများ၊ Family Dining များ ၊ Gathering Party ၊ Birthday Party နှင့် အခြားသော Social Event များကိုလည်း ဈေးနှုန်းသင့်တင့်စွာ ကျင်းပနို်င်တဲ့ ဆိုင်လေးဖြစ်ပါသည်။


Mr Chef ( Sanpya Branch )

ထောက်ခံချက် အမှတ်အသား