များများဖတ်ရန်
  • တရုတ် အစားစာ / ထိုင်း အစားစာ
  • K.3000-12000
  • K.6000-15000

Misfit Roof Cafe ကို မတ်လ၊ ၂၀၁၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ဗဟန်းမြို့နယ်၊ ရွှေဂုံပလာဇာ တတိထပ်တွင် တည်ရှိပါတယ်။ တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ ဖွင့်လှစ်ထားတဲ့ Roof Top စားသောက်ဆိုင် တစ်ခုဖြစ်ပြီး ဆိုင်ရဲ့ အတွင်းဘက် အပြင်ဘက် နေရာထိုင်ခင်းများ ရှိကာ လူဦးရေ ၁၅၀ ခန့်ဆန့်ပါတယ်။ အတွင်းဘက်မှာ အေးအေး ဆေးဆေး စားသောက်ရင်း စကားပြော နိုင်သလို အပြင်ဘက်တွင်ထိုင်ကာ သဘာဝ လေပြေလေညင်းနှင့် ရန်ကုန်မြို့ရဲ အလှအပကို ခံစားရင်း အပန်းဖြေနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ငန်းကိစ္စ ဆွေးနွေးချင်သူများ၊ မိသားစု (သို့မဟုတ်) သူငယ်ချင်းများနဲ့ ညစာ ကောင်းကောင်း သုံးဆောင်ချင်သူများ အတွက် အလွန်အဆင်ပြေစေမှာ ဖြစ်ပါတယ်။
စုံလင်တဲ့ တရုတ်အစားအစာ ၊ ထိုင်းအစားအစာ၊ အာရှအစားအစာ များရရှိနိုင်ပြီး အစားအသောက်များကို ချက်ပြုတ် ပြင်ဆင်ပေးတဲ့ စာဖိုမှူးမှာလည်း ဝါ့ရင်ကျွမ်းကျင်သူ တစ်ဦးဖြစ်တာကြောင့် အစားအသောက်များရဲ့ အရသာမှာ ထူးကဲကောင်းမွန် နေမှာဖြစ်ပါတယ်။ Bar Area လည်းရှိပြီး အရက်၊ ဘီယာ၊ ဝိုင် ၊ ကော့တေး၊ မော့တေး အမျိုးမျိုးကို ရရှိနိုင်တဲ့အပြင် ကော်ဖီအမျိုးမျိုး၊ သစ်သီးဖျော်ရည် အမျိုးမျိုး နှင့် Soft Drink အမျိုးမျိုးတို့ ကိုလည်း သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ကျယ်ဝန်းပြီး လူဦးရေ ၁၅၀ ဝန်းကျင်ခန့် တစ်ပြိုင်နက်တည်း တည့်ခင်း ဧည့်ခံနိုင်တာကြောင့် Company Party ၊ Group Party ၊ Dinner Party နှင့် Birthday Party များ ကျင်းပ ပြုလုပ်နိုင်ရန် အကောင်းဆုံး နေရာ တစ်နေရာ ဖြစ်ပါတယ်။ အစားအသောက်များရဲ့ ဈေးနှုန်းမှာလည်း သင့်တင်မျတကာ ဆိုင်ရှိ ဝန်ထမ်းများမှာလည်း ဖော်ရွှေပျူငှာပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးသောကြောင့် သွားရောက်သူတိုင်း စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။ ဆိုင်ရဲ့ နာမည်ကြီး လူကြိုက်များတဲ့ အစားအစာကတော့ အီနိုကီမှိုသုတ်၊ ဂဏန်းမဆလာနှင့် ဂေါ်ဖီမွှေး တို့ဖြစ်ပါတယ်။

Misfit Roof Cafe

ထောက်ခံချက် အမှတ်အသား