များများဖတ်ရန်
  • အနောက်တိုင်း အစားစာ / အခြား အစားစာ
  • K.8000-
  • K.6000-20000

Mahlzeit စားသောက်ဆိုင် ကိုတော့ ပန်းလှိုင်လမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန် မြို့ မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ Mahlzeit ကတော့ ရန်ကုန်မြို့ မှာ အကောင်းဆုံး စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပြီး ကျယ်ဝန်းတဲ့ ကားပါကင် လည်းပါရှိပါတယ်။

ဆိုင် အတွင်းပိုင်း အပြင်ဆင် များကိုတော့ အနောက်တိုင်းစတိုင် ပြင်ဆင်ထားပြီး ခေတ်မှီ စတိုင်ကျလှပတဲ့ Setting များ၊ သန့် ရှင်းသပ်ရပ် ကျယ်ဝန်းပြီး လေကောင်းလေ သန့် လည်း ရရှိနိုင်သောကြောင့် အရသာရှိသော ဟင်းလျာ များကို အေးချမ်းစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။

ပျှမ်းမျှ ကုန်ကျစရိတ်ကတော့ နေ့ လည်စာ အတွက် ၈၀၀၀ ကျပ်နှင့် ညစာ အတွက် ၆၀၀၀ မှ ၂၀၀၀၀ ကျပ် အထိ ကျသင့်နိုင်ပြီး Visa, Master ကဲ့သို့ သော Credit Card များဖြင့်လည်း ပေးချေနိုင်ပါတယ်။

German အစားအစာ ကတော့ ဆိုင်ရဲ့ အဓိက အစားအစာ ဖြစ်ပြီး အနောက်တိုင်း အစားအစာ ၊ A La Carte Menu, Sweet, Desserts တို့ ကို ရရှိနိုင်ကာ သောက်စရာ အတွက်ကတော့ ကော်ဖီ၊ ကော့တေး ၊ ၀ိုင် နှင့် နိုင်ငံခြားဖြစ် အရက် များကိုလည်း ရရှိနိုင်ပါတယ်။

Sausage Platter, Chicken Schnitzel and Currywurst & Flammkuchen (Pizza) တို့ ကတော့ ဂျာမန် အရသာစစ်စစ် ကို ရရှိနိုင်တာမို့ စားဖိုမှူး မှ မြည်းစမ်းကြည့်ဖို့ အကြံပြုထားပါတယ်။ ဆိုင်ရဲ့ အဓိက ဟင်းလျာ များဖြစ်တဲ့ Suckling Pig နှင့် Crispy Pork Knuckle တို့ ကို စားသုံးမယ်ဆိုရင်တော့ အော်ဒါ တစ်ရက် ကြိုတင်မှာရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၀န်ထမ်းများမှာ လည်း အင်္ဂလိပ် ဘာသာ စကားနှင့် ဂျာမန် စကားပြောဆိုနိုင်သောကြောင့် နိုင်ငံခြားသား ဧည့်သည် များလည်း အရသာရှိသော ဟင်းလျာ များကို အဆင်ပြေ ချောမွေ့ စွာ စားသုံးနိုင်ပါတယ်။ အထူးသဖြင့် Mahlzeit စားသောက် ဆိုင်လေးကတော့ Business Dining , Family Dining, Gathering Part, Birthday Party များ ကျင်းပရန် အတွက်လည်း အဆင်ပြေပြီး အခြားသော Social Events များကိုလည်း ကျင်းပနိုင်ပါတယ်။

ဒါကြောင့် ဂျာမန် အရသာ စစ်စစ် ဟင်းလျာများကို စားသုံးချင်တယ်ဆိုရင်တော့ Mahlzeit စားသောက်ဆိုင်လေးကို သာ အရောက် လှမ်းလာခဲ့လိုက်ပါ။ ဖော်ရွေသော ၀န်ထမ်းများနှင့် အံ့သြဖွယ် ၀န်ဆောင်မှု့ တွေ က လူကြီးမင်းတို့ ကို စိတ်ကျေနပ်မှု့ အပြည့်ဝ ရရှိစေမှာ ဖြစ်ပါတယ်။




Mahlzeit Restaurant

  • အနောက်တိုင်း အစားစာ | အခြား အစားစာ
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ
  • ခရစ်ဒစ်ကတ်
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +959784151250
  • 11:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • 84 Pann Hlaing Street, Sanchaung Township, Yangon
  • Facebook
  • Web Site
  • 65

ထောက်ခံချက် အမှတ်အသား