များများဖတ်ရန်
  • ၈ျပန် အစားစာ / အခြား အစားစာ
  • K.200-5800
  • K.200-5800

Little Yankees Sushi သည် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းထောင့်နှင့် ရေတာရှည်လမ်းဟောင်းထောင့်တွင် ဖွင့်လှစ်ထားသော ဂျပန်အစားအစာများနှင့် အာရှအစားအစာများ ရရှိနိုင်သော ဆိုင်ဖြစ်သည်။ ဆိုင်ပိုင်ရှင်မှာ မြန်မာလူမျိုးဖြစ်ပြီး စာဖိုမှူးများမှာလည်း အတွေ့အကြုံရင့်သော ဝါရင့်စာဖိုမှုးများ ဖြစ်ပါတယ်။ ထို့ကြောင့် ဂျပန်အရသာ စစ်စစ်ကိုမှ စားသုံးချင်ကြသော မိတ်ဆွေများအတွက် Little Yankees Sushi သည် အဆင်ပြေစေပါတယ်။ Soba Noodle Salad ဖြစ်တဲ့ ဂျပန်ခေါက်ဆွဲသုပ်နဲ့ Sushi ၊ Salmon နဲ့ Tempura တို့ကတော့ စားသုံးသူများ အကြိုက်ဆုံးများ ဖြစ်တာကြောင့် ဆိုင်ရဲ့ အရောင်းရဆုံး Menu လို့လဲ ပြောလို့ရပါတယ်။
ဆိုင်ရဲ့ အပြင်အဆင်လေးကတော့ အပြင်ပန်းကကြည့်ရင် တိတ်ဆိတ်လှပပြီးတော့ အတွင်းပိုင်းမှာ ဆိုရင်တော့ ရိုးရိုးရှင်းရှင်း ပုံစံနဲ့ ပြင်ဆင်ထားတာကြောင့် အပန်းဖြေ အနားယူရင်း စားသုံးချင်သူများအတွက် အဆင်ပြေစေပါတယ်။ ထို့အပြင် ဆိုင်မှာ ဒုတိယထပ်တွင် တည်ရှိသောကြောင့် ရွှေဂုံတိုင် လမ်းမကြီးကိုလည်း အပေါ်မှ လှည်းကြည့်ရင်းလည်း စားသုံးနိုင်ပါတယ်။ ဆိုင်မှာ အရမ်းမကျယ်ဝန်းသော်လည်း လူဦးရေ ၃၀ ခန့်တပြိုင်နက် စားသုံးနိင်သောကြောင့် အဆင်ပြေစေပါတယ်။
ဆိုင်ရဲ့ ပတ်ဝန်းကျင် တိတ်ဆိတ်ငြိမ်သက်မှု ၊ လေ၀င်လေထွက် ကောင်းမှုတို့ကြောင့် မိသားစုဖြင့်ဖြစ်စေ ၊ သူငယ်ချင်းများ ၊ ချစ်သူစုံတွဲများ သွားရောက်စားသုံးရန် အဆင်ပြေစေပါတယ်။ ဆိုင်တွင် Cocktail နှင့် Mocktail များလည်း ရရှိနိုင်တာကြောင့် လူငယ်များအတွက်လည်း အဆင်ပြေစေပါတယ်။
ဒါ့အပြင် ဆိုင်ရဲ့ထူးခြားချက်ကတော့ ရန်ကုန်မြို့တွင်း မှာယူသူများကိုလည်း အိမ်အရောက်ပို့မှု ၀န်ဆောင်မှုများကို လည်း ၀န်ဆောင်ပေးပါသည်။ Little Yankees Sushi ဆိုင်မှာ ဆိုရင်တော့ ဆိုင်ဝန်ထမ်းတွေရဲ့ မြန်ဆန် သွက်လက်တဲ့ ၀န်ဆောင်မှုနှင့် လှပသော ဆိုင်အပြင်အဆင် ပေါင်းစပ်ပြီး မွေးနေ့ပွဲများ ၊ ပါတီ အသေးစားမျိုး ကျင်းပနိုင်ရန် အတွက်လည်း အဆင်ပြေစေပါတယ်။ ဆိုင်ကလည်း သွားရလာရ လွယ်ကူပြီး အချက်အချာကျတဲ့ ရွေဂုံတိုင် တွင်တည်ရှိတာကြောင့် အဆင်ပြေစေပါတယ်။ ဒါ့ကြောင့် အစားအစာလည်း အရသာရှိ ၊ အားလုံးအဆင်ပြေပြီး စိတ်ကျေနပ်မှု ရရှိစေမဲ့ Little Yankees Sushi ဆိုင်လေးကို သွားရောက် စားသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။


Little Yankees Sushi

ထောက်ခံချက် အမှတ်အသား