များများဖတ်ရန်
  • အခြား အစားစာ / ဘား / မလေးရှား အစားအစာ
  • K.10000-15000
  • K.10000-15000

LA Restaurant & Bar သည် မေလ ၂၀၁၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ဆိုင်တည်နေရာ ကတော့ နံပါတ် ၇၄၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ် တွင်တည်ရှိပါသည်။

ဆိုင်စဖွင့်ချိန်ကတော့ နေ့လည် ၁၂နာရီ မှစတင်ဖွင့်လှစ်ကာ ဆိုင်ပိတ်ချိန်ကတော့ ည ၁၁နာရီ ဖြစ်ပါသည်။ ပိတ်ရက်မရှိ နေ့စဉ် ဖွင့်လှစ်ပါသည်။ ဆိုင်ပိုင်ရှင်သည် ဂျပန်လူမျိုး ဖြစ်ပြီး စားဖိုမှူးသည် မြန်မာလူမျိုး ဖြစ်ပြီး မလေးရှားနိုင်ငံ မှ အတွေ့အကြုံရှိ ၀ါရင့် စားဖိုမှူး တစ်ဦး ဖြစ်ပါသည်။

ဆိုင်တွင် ရရှနိုင်သော အဓိက အစားအစာ တွေကတော့ South East Asian အစားအစာများ၊ ထမင်းနှင့်ဟင်း၊ ပင်လယ်စာများ၊ စွပ်ပြုတ်အရည်အမျိုးမျိုး၊ ဟင်းလျာအမျိုးမျိုး၊ Super Snack၊ Heavy Food၊ Best Bites နှင့် အသုပ် အမျိုးမျိုး တို့ဖြစ်ပါသည်။ ဆိုင်တွင် သောက်စရာ အမျိုးအစား ပေါင်းစုံအားလုံးသည် နိုင်ငံခြားမှ တင်သွင်း ထားပြီး ရရှိနိုင်တာတွေကတော့ Drop Shots၊Signature Cocktails with Discriminating Taste၊Cocktails on Tap၊Fancy Drinks၊Beer၊Beer Bottles၊Wine Glass၊Wine Bottle တို့ပဲ ဖြစ်ပါသည်။

ပျှမ်းမျှဈေးနှုန်းအနေနှင့် တစ်ယောက်ကို နေ့လည်စာနှင့် ညစာတို့တွင် ၅၀၀၀ ကျပ်ခန့် ကျသင့်နိုင်ပါသည်။ ဆိုင်တွင် လူအယောက် ၄၀ခန့် တစ်ပြိုင်တည်း စားသုံးနိုင်ပါသည်။

ဆိုင်၏ လူကြိုက်အများဆုံး အစားအစာမှာ ငါးကင် ဖြစ်သည်။

ခေတ်မှီ သန့်ရှင်းသော အပြင်အဆင်များ၊ အရသာကောင်းသော ဟင်းလျာများကြာင့် လူကြိုက်များသည့် အဆင့်မြင့်ဆိုင်တစ်ဆိုင် ဖြစ်သည်။

ဝန်ဆောင်မှု ကောင်းမွန်ပြီး မွေးနေ့ရှင်များအတွက် ဆိုင်ဝန်ထမ်းများမှ ဂစ်တာတီးခတ်စုပေါင်းသီချင်းသီဆို၍ ဆုတောင်းပေးခြင်း အစီအစဉ် လည်းရှိသည်။

LA RESTAURANT & BAR

  • အခြား အစားစာ | ဘား | မလေးရှား အစားအစာ
  • မလေးရှားစတိုင်ဟင်းပွဲ | ဟမ်ဘာဂါ | ယမကာ | ဟင်းပွဲအသေး | သစ်သီးဖျော်ရည်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | ဇိမ်ခံပစ္စည်း | သင်တင့်သောဈေးနှုန်း
  • +959965122871
  • 12:00 PM - 01:00 AM ( ဘာမှမရှိပါ )
  • 74, Yay Kyaw Road, Pazuntaung
  • အနီးအနား ပုဇွန်တောင်ဈေး မှတ်တိုင် 10 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • Facebook
  • 100

ထောက်ခံချက် အမှတ်အသား