များများဖတ်ရန်
  • ကိုရီးယား အစားစာ
  • K.3000-7500
  • K.3000-7500

Korea Taste စားသောက်ဆိုင်ကိုတော့ ရန်ကုန် မြို့ ၊ ကမာရွတ် မြို့ နယ် အတွင်းရှိ စံရိပ်ငြိမ် ဂမုန်းပွင့်ရှော့ပင်းစင်တာရဲ့ လေးလွှာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါသည်။

ရိုးရှင်း ပြီး စတိုင်ကျ လှပတဲ့ ဆိုင် အပြင်အဆင်များ နှင့် သက်တောင့်သက်သာ ရှိတဲ့ နေရာ ထိုင်ခင်းများက တော့ လူကြီးမင်းတို့ ရဲ့ အကောင်းဆုံး Dining ကို အေးအေးချမ်းချမ်း စားသုံးနိုင်မှာ ဖြစ်ပါသည်။ ဆိုင်ရဲ့ အဓိက အစားအစာကတော့ ကိုးရီးယား အစားအစာ ဖြစ်ပြီး Korea Noodle Soup, Korean BBQ နှင့် Beverage ကိုလည်း ရရှိနိုင်ပါသည်။ ဒါ့အပြင် ကိုးရီးယား လ္ဘက်ရည် ၊ Chinese လ္ဘက်ရည် ၊ Ice Coffee ၊ ရာသီချိန် သစ်သီးဖျော်ရည် များနှင့် ဆိုဒါ များကိုလည်း ရရှိနိုင်ပါသည်။

Pork salad, Toppuki နှင့် Kimchi stew တို့ ကတော့ ဆိုင်ရဲ့ အရောင်းရဆုံး နှင့် လူကြိုက် အများဆုံး အစားအစာ များဖြစ်ပါသည်။ ယခု အခါ Korea Taste ရဲ့ Menu အသစ်များဖြစ်တဲ့ Kimchi Boiling Pot, Savory Tender yet Yummy Eomuk (Fish Cakes) , Colorful Tasty Kimbab နှင့် Sweet yet Spicy Flavorful Toppuki တို့ ကို လည်း ရရှိနိုင်ပြီ ဖြစ်ပါသည်။ ဟင်းလျာ များအားလုံးကိုတော့ အတွေ့ ကြုံ ရင့်ကျက်သော စားဖိုမှူးကြီးများ မှ ပြင်ဆင်ပေးထားသော ကြောင့် အကောင်းဆုံးသော ကိုးရီးယား အရသာ များကို ရရှိနိုင်ပါသည်။

ပျမ်းမျှ ကုန်ကျစရိတ်ကတော့ နေ့ လည်စာ နှင့် ညစာ အတွက် တစ်ယောက်စာကို ၃၀၀၀ ကျပ်မှ ၇၅၀၀ ကျပ် အထိ ကျသင့်နိုင်ပါသည်။

ဆိုင်ရဲ့ စားသောက်ခန်းမမှာ ဧည့်သည် ၄၀ ခန့် စားသုံးနိုင်ပြီး ဖော်ရွေသော ၀န်ထမ်းများမှာလည်း ကူညီရိုင်းပင်းကာ ၀န်ဆောင်မှု့ လည်း ကောင်းမွန်ပါသည်။ ဒါကြောင့် ဈေးဝယ် ထွက်ပြီးနောက် အရသာ ပြည့်ဝတဲ့ ကိုးရီးယား အစားအစာ များကို စားသုံးချင်တယ်ဆိုရင်တော့ Korea Taste ကိုသာ တစ်ခေါက်လောက် အရောက်သွားကြည့်လိုက်ပါ။ အကောင်းဆုံးသော ကိုးရီးယား Menu များက လူကြီးမင်းတို့ ကို စိတ်ကျေနပ်မှု့ ရရှိစေမှာ ဖြစ်ပါသည်။

Korea Taste

  • ကိုရီးယား အစားစာ
  • ထမင်း နှင့်ဟင်းလျာ
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | အမျိုးသား | အမျိုးသမီး
  • +959452324115
  • 09:00 AM - 09:00 PM ( ဘာမှမရှိပါ )
  • Room No. 405, Ga Mone Pwint Shopping Mall (Hledan), Insein Road, Kamayut Township,Yangon.
  • Facebook
  • 40

ထောက်ခံချက် အမှတ်အသား