• 1312 view

  • Chinese food | Others | Rice & Curry | Sea Food | Café | Bar | Delivery | Alcohol | Parking | English | Air conditioner | Chinese Menu | Breakfast | Lunch | Dinner | Couples | Groups / Party | Tourists | Business | Reasonable
  • Facebook
  • ဘာမှမရှိပါ ပိတ်သည်
  • 07:00 AM - 09:00 PM
  • မရပါ
  • အိုကေ
  • 150

Koe Kant A Kyu Yi Restaurant

Koe Kant A Kyu Yi Restaurant ဆိုင်သည် ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီ့း အချိန်တိုလေးအတွင်း လူသိများလာသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ အခြား ဆိုင်ခွဲ ၂ ဆိုင်ကိုလည်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ၃ ဆိုင်မြောက် ဆိုင်ခွဲကို ကန်တော်ကြီး ပန်းခြံ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါတယ်။ ကန်တော်ကြီးပန်းခြံထဲတွင် ဖွင့်လှစ်ထားသောကြောင့် အပန်းဖြေ အနားယူရင်း စားသုံးချင်သူများအတွက် အဆင်ပြေစေပါတယ်။
ဆိုင်မှာ ရရှိနိုင်သော အဓိကအစားအစာများမှာ တရုတ်အစားအစာများ ၊ စကောထမင်းများနှင့် အရက် ၊ ဘီယာနှင့် ဝိုင်များ စုံလင်စွာဖြင့် စားသုံးသူများကို စိတ်တိုင်းကျ ၀န်ဆောင်မှုပေးသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်ဖွင့်ချိန်မှာ မနက် ၇ နာရီတွင် စတင်ဖွင့်လှစ်သောကြောင့် မနက်စာ ကို ဆိုင်ကောင်းကောင်း နေရာကောင်းကောင်းတွင် စားသုံးချင်သူများအတွက် အဆင်ပြေစေပါတယ်။ ပိုင်ရှင်နှင့် စားဖိုမှုးများမှာ မြန်မာလူမျိုးများဖြစ်ပြီး ဟင်းလျှာများကိုလည်း အတွေ့အကြုံများသော ဝါရင့်စားဖိုမှုးကြီးများမှ ပြင်ဆင်ပေးသောကြောင့် စိတ်ကျေနပ်မှု ရရှိစေမှာ ဖြစ်ပါတယ်။
Koe Kant A Kyu Yi Restaurant ဆိုင်မှာ စကောထမင်းမှာ စားသုံးသူများ၏ အကြိုက်ဆုံးဟင်းလျှာအဖြစ် နာမည်ကြီးသောကြောင့် စားသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆိုင်အပြင်အဆင်ကတော့ သန့်ရှင်းသပ်ရပ်စွာဖြင့် ပြင်ဆင်ထားပြီး စားသုံးသူများ၏ ကားများ ရပ်နားရန်အတွက် အဆင်ပြေစေပါတယ်။ ကန်တော်ကြီးထဲတွင် ဖွင့်လှစ်ထားသောကြောင့် အပန်းဖြေ အနားယူရင်း စားသုံးနိုင်သောကြောင့် တိတ်ဆိတ်မှုကို သဘောကျ သူများအတွက် အဆင်ပြေစေပါတယ်။
Koe Kant A Kyu Yi Restaurant ဆိုင်ကတော့ ကျယ်ဝန်းပြီး လူဦးရေ ၁၅၀ ခန့်တစ်ပြိုင်နက် စားသုံးနိုင်ပြီး မိသားစုများဖြင့်ဖြစ်စေ ၊ သူငယ်ချင်း မိတ်ဆွေများဖြင့် ဖြစ်စေ မွေးနေ့ပွဲများ ၊ ပါတီပွဲများ ကျင်းပချင်သူများအတွက် ဆိုင်တာန်ခံမှ တာဝန်ယူဆောင်ရွက်ပေးသောကြောင့် စိတ်ကျေနပ်မှု ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်မှ အကောင်းဆုံး ၀န်ဆောင်မှု အနေဖြင့် အိမ်အရောက်ဝန်ဆောင်မှုကိုလည်း ၀န်ဆောင်ပေးပါတယ်။

Koe Kant A Kyu Yi Restaurant

nice Decoration

  • 18379489 120300003653662714 1074266122 o
  • 18386679 120300003676521659 1592043653 n
  • 18387307 120300003650000972 1251737894 n

Application

Recent Movie

Monthly Promotions

Fuji-Sushi
Fuji Sushi Japanese Food

Mobile coupon and get deals!

Fuji Sushi Japanese Food) is excellent service ...


Cafedesoul
Cafe DEL SeOUL Restaurant & Bar

Mobile coupon and special discount!

Cafe del SeOUL is a Casual Fine dining/European Cuisine restaurant. ....

Another Spot

The Public

The Public

Myaw Sin Island, Kandaw Gyi Lake, Mingalar Taung Nyunt Township, Yangon.
များများဖတ်ရန်

Mingalar KanDawGyi

Mingalar KanDawGyi

R4, Myaw Sin Kyun,KanDawGyi Natural Park
များများဖတ်ရန်

Yangon Bus Cafe

Yangon Bus Cafe

Myaw Sin Island, Kan Taw Gyi Natural Park, Yangon.
များများဖတ်ရန်