များများဖတ်ရန်
  • မြန်မာအစားစာ
  • K.3000-10000
  • K.3000-10000

ခိုင်ခိုင်ကျော်မြန်မာစားသောက်ဆိုင်ကတော့ လူသိများပြီး အောင်မြင်မှု့ ရရှိနေတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ခိုင်ခိုင်ကျော် ရဲ့  ဆိုင်ခွဲ အသစ် ကိုတော့ မြို့ ပတ်လမ်း ၊ ၆ ရပ်ကွက် ၊ ပြင်ဦးလွင် မြို့ ၊ မန္တလေးတိုင်း ဒေသကြီးမှာ မကြာသေးခင်က ထပ်မံ ဖွင့်လှစ်လိုက် ပြီ ဖြစ်ပါတယ်။ ဆိုင်ကို တော့ နေ့ စဉ် မနက် စောစော မှ ည ၉ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်ရဲ့ အဓိက အစားအစာ ကတော့ မြန်မာ အစားအစာ ဖြစ်ပြီး မြန်မာ မုန့် မျိုး စုံ၊ အချို ပွဲ များ နှင့် ရရှိနိုင်ပြီး သောက်စရာ အတွက် က တော့ရာသီချိန် သစ်သီးဖျော်ရည်များ နှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါတယ်။

ဆိုင်ကို မြန်မာ စတိုင် ဖွဲ့ စည်းတည်ဆောက် ထားပြီး ဆိုင်ရဲ့ ဘေးမှာ တော့ အရောင်စုံ ပန်းပင်လေးတွေ ကို တွေ့ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့် သက်သာ နဲ့ အေးအေးချမ်းချမ်း စားသုံးချင်သူတွေ အတွက် အဆင်ပြေစေပါတယ်။ ဟင်းလျာ များ အားလုံးကိုတော့ အတွေ့ ကြုံ ရင့်ကျက်သော မြန်မာ စားဖိုမှူး ကြီး များမှ ပြင်ဆင်ပေးထားတာဖြစ်လို့ အရသာ ရှိရှိ သုံးဆောင် နိုင်ပါတယ်။

ကြက်ကြော်၊ လက်ပံဖျားကြက်ကြော် နှင့် ဆိတ်ကလီစာစွတ်ပြုတ် တို့ ကတော့ လူကြိုက် အများဆုံးအစားအစာတွေပဲဖြစ်ပါတယ်။ မနက်စာအတွက် မုန့် ဟင်းခါးနှင့် အကြော်စုံများကိုလည်းရရှိနိုင်ပါတယ်။ အသီးရွက်အစုံလင်နှင့် ငပိရည် တို့ စရာကတော့ ထမင်းစားမြိန်ပြီး မြန်မာလူမျိုး အများစု ကြိုက်နှစ်သက်ကြပါတယ်။

ဆိုင်ပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်ပြီး လေထုလည်းကောင်းမွန် ကာ ၀န်ထမ်းများမှာလည်း ဖော်ရွေပြီး ကူညီရိုင်းပင်းပါတယ်။ အထူးသဖြင့် ခိုင်ခိုင်ကျော် စားသောက်ဆိုင် ကတော့ လူမျိုးဘာသာ အားလုံးအတွက် သင့်လျော်ပြီး မြန်မာအစား အစာကြိုက်နှစ်သက် သော နိုင်ငံခြားသားများ အတွက် အထူးသင့်လျော်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။


Khaing Khaing Kyaw Myanmar Food Center-8

  • မြန်မာအစားစာ
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ | မုန့်ဟင်းခါး | ရိုးရာမုန့် | ဟင်းချို | အသုပ် | သစ်သီးဖျော်ရည် | အအေး | အချိုပွဲ
  • ဗီဇာကတ် | မာစတာကတ် | ယူနီယန် ကတ် | ဂျေစီဘီ ကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • ဆေးလိပ်သောက်ခွင့် | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | ကလေး | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +95 977202177
  • 05:30 AM - 09:00 PM ( ဘာမှမရှိပါ )
  • B/24, Myopat Street, 6 Quarter, Pyin Oo Lwin, Mandalay Division
  • Facebook
  • Web Site
  • 150

ထောက်ခံချက် အမှတ်အသား