များများဖတ်ရန်
  • မြန်မာအစားစာ
  • K.3000-10000
  • K.3000-10000

ခိုင်ခိုင်ကျော်မြန်မာစားသောက်ဆိုင်ကတော့ ရန်ကုန်မြို့ မှာလူသိများတဲ့မြန်မာစားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ခွဲ ၁ ကိုတော့ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ၊ တောင်ဥက္ကလာပမြို့ နယ်၊ ရန်ကုန်မြို မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်အတွင်းပိုင်းအပြင်ဆင်စတိုင်ကျလှပပြီး မြန်မာအစားအစာများကိုသက်တောင့်သက်သာအေးအေးချမ်းချမ်းစားသုံးနိုင်ပါတယ်။ မြန်မာအစားအစာကတော့ ဆိုင်ရဲ့ အဓိကအစားအစာဖြစ်ပြီး စားဖိုမှူးမှာလည်းမြန်မာလူမျိုးပဲဖြစ်ပါတယ်။

ဒီဆိုင်လေးမှာတော့ မြန်မာ ဟင်းလျာ မျိုးစုံကို ရရှိနိုင်မှာဖြစ်ပြီး သောက်စရာ အတွက် ကတော့ ရာသီချိန် သစ်သီးဖျော်ရည် များနှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါတယ်။ မြန်မာ့ ရိုးရာ မုန့် မျိုးစုံ ကြိုက်နှစ်သက် သူများအတွက်လည်း ခိုင်ခိုင်ကျော် မှာ မြန်မာမုန့် မျိုး စုံကို ရရှိနိုင်ပါတယ်။ ကြက်ကြော်၊ လက်ပံဖျားကြက်ကြော် နှင့် ဆိတ်ကလီစာစွတ်ပြုတ် တို့ ကတော့ လူကြိုက် အများဆုံးအစားအစာတွေပဲဖြစ်ပါတယ်။ အသီးရွက်အစုံလင်နှင့် ငပိရည် တို့ စရာကတော့ ထမင်းစားမြိန်ပြီး မြန်မာလူမျိုး အများစု ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် ခိုင်ခိုင်ကျော်မှ Delivery Service နှင့် Catering Service များကိုလည်း ၀န်ဆောင်မှု့ ပေးထားပါတယ်။

စားသောက်ခန်းမမှာ ဧည့်သည် ၁၀၀ ခန့် စားသုံးနိုင်ပြီး Business Dining, Family Dining နှင့် Group Dining များကိုလည်းကျင်းပနိုင်ပါတယ်။ ဆိုင်ပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်ပြီး လေထုလည်းကောင်းမွန် ကာ ၀န်ထမ်းများမှာလည်း ဖော်ရွေပြီး ကူညီရိုင်းပင်းပါတယ်။ အထူးသဖြင့် ခိုင်ခိုင်ကျော် စားသောက်ဆိုင် ကတော့ လူမျိုးဘာသာ အားလုံးအတွက် သင့်လျော်ပြီး မြန်မာအစား အစာကြိုက်နှစ်သက် သော နိုင်ငံခြားသားများ အတွက် အထူးသင့်လျော်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။

Khaing Khaing Kyaw Myanmar Food Center-1

  • မြန်မာအစားစာ
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ | မုန့်ဟင်းခါး | ရိုးရာမုန့် | ဟင်းချို | အသုပ် | သစ်သီးဖျော်ရည် | အအေး | အချိုပွဲ
  • ဗီဇာကတ် | မာစတာကတ် | ယူနီယန် ကတ် | ဂျေစီဘီ ကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • အိမ်တိုင်ရာရောက်ပို့ ပေးသည်၊ | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +95 9254026246
  • +95 9977202178
  • 09:00 AM - 09:00 PM ( ဘာမှမရှိပါ )
  • No.42 A, Parami Road & Corner of Waizayandar Road, South Okkalapa Township, Yangon
  • Facebook
  • Web Site
  • 100

ထောက်ခံချက် အမှတ်အသား