များများဖတ်ရန်
  • အနောက်တိုင်း အစားစာ / အခြား အစားစာ
  • K.2900-7500

Jazz in Time စားသောက်ဆိုင်သည် မဟာဗန္ဓုလလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် တည်ရှိပါသည်။ ဆိုင်ဖွင့်ချိန်လေးကတော့ ညနေ၅နာရီမှ စတင်ဖွင့်လှစ်ကာ ည၁၂နာရီထိဖြစ်ပြီး ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ်ပါသည်။ ဆိုင်အပြင်အဆင်အနေဖြင့် စတိုင်ကျလှပပြီး သန့်ရှင်းသပ်ရပ်ကာ၊ သန့်ရှင်းပြီးလေကောင်းလေသန့်ရရှိခြင်း၊ ဆိုင်အတွင်းတွင် အအေးခန်းတပ်ဆင်ထားပြီး၊ နှစ်ထပ်ဆိုင်လေးဖြစ်ပါသည်။ ဆိုင်မှာဆိုရင် Live Music Show လည်းရှိပါသည်။ အဓိကအားဖြင့်တီးခတ်သောသီချင်းတွေကတော့ Jazz, Blue အမျိုးအစားတွေကိုတီးခတ်ပါသည်။ တနင်္လာနေ့ နှင့် အင်္ဂါနေ့များတွင်နား၍ကျန်တဲ့ရက်များတွင် နေ့စဉ်ရှိပါသည်။ ဆိုင်တွင်အဓိကရရှိနိုင်တဲ့အစားအသောက်တွေကတော့ အီတာလျှံအစားအစာ၊ အနောက်တိုင်းအစားအစာ၊ အရှေ့တိုင်းအစားအစာများနှင့် ထမင်းနှင်ဟင်း၊ ဘာဂါ၊ အသီအရွက်များ၊ အသား၊ ပင်လယ်စာ၊ အရက်၊ ပါစတာ၊ Fast Food၊ ဘီယာအမျိုးအစားစုံလင်စွာရရှိနိုင်မှာဖြစ်ပါသည်။ ဆိုင်တွင် Wi-Fi Free လည်းပေးထားပါသည်။ ဆိုင်တွင် နာမည်ကြီးတဲါအစားအသောက်တွေကတော့ ဘာဂါ၊ Jazz in Time ကြက်တောင်ပံကြော်၊ ဘာတာတာဟာရာ ကော့တေး၊ ကိုကိုလိုကို ကော့တေး၊ မိုလဲဒို ကော့တေး နှင့် Night with Jazz Cocktail တို့ဖြစ်ပါသည်။ ၀က်ဂုတ်သားကင်နှင့် အိမ်ချက်ဒံပေါက် တို့သည် ဧည့်သည်အများစုကြိုက်နှစ်သက်သော အစားအစာများဖြစ်ပါသည်။ ဆိုင်ပိုင်ရှင်နှင့် စားဖိုမှူးတို့သည် မြန်မာနိုင်ငံများပဲ ဖြစ်ပြီး ဒူဘိုင်းတွင် လုပ်သက်ကြာပြီဖြစ်သော ၀ါရင့်စားဖိုမှူးဖြစ်ပါသည်။ ဆိုင်လေးသည် အလုပ်ကိတ်စအတွက်ဖြစ်ဖြစ် ချစ်သူရည်းစားစုံတွဲတွေ အုပ်စုလိုက်သူငယ်ချင်းတွေ သွားရောက်လည်ပတ်လို့ကောင်းသည့် ဆိုင်လေးတစ်ဆိုင်ဖြစ်ပါသည်။ ဆိုင်တွင် ပွဲလမ်းများအတွက်လည်း Event တွေ ဘူဖေးတွေအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆိုင်တွင် Happy Hour အနေနှင့် ညနေ ၅နာရီမှ ၈နာရီအတွင်းလာရောက်အားပေးသော ဧည့်သည့်များအား Cocktail နှင့် Draught Beer များအတွက် ၅၀% ဒစ်စကောင့် ချပေးလျက်ရှိပါသည်။

Jazz in Time

ထောက်ခံချက် အမှတ်အသား