များများဖတ်ရန်
  • ကဖီး / ကိတ်မုန့်  /ပေါင်မုန့် / အချိုပွဲ
  • K.3500-10000
  • K.3500-10000

J Café ကိုတော့ ပြည်လမ်း၊ စမ်းချောင်းမြို့ နယ် ၊ ရန် ကုန်မြို့ မှာ ဖွင့်လှစ်ထားတဲ့ Jasmine Palace Hotel ရဲ့ မြေညီ ထပ် မှာ ဖွင့်လှစ်ထား တာဖြစ်ပါတယ်။ ဆို်င် ကို နေ့ စဉ် ဖွင့်လှစ်ထားပြီး ခေတ်မှီ စတိုင်ကျ လှပတဲ့  ဆိုင်အပြင်ဆင် ၊ သန့် ရှင်း သပ်ရပ် မှု့ နှင့် စမတ်ကျ တဲ့ နေ ရာချထား မှု့ တွေ ကတော့ ကိုယ်ချစ်ရတဲ့ သူ တွေ နဲ့ ဖြစ်စေ ၊ မိတ်ဆွေ များဖြင့် ဖြစ်စေ ကော်ဖီ နှင့် မုန့်  စားသုံးဖို့ အတွက် ပြီး ပြည့်စုံ တဲ့ နေရာ တစ်ခုပဲ ဖြစ်ပါတယ်။

J Café မှာ ဆိုရင်တော့  အရသာ ပြည့် ၀တဲ့  မုန့် မျိုးစုံ ၊ ကိတ်၊ Sweet, ရေခဲ မုန့်  နှင့် ကော်ဖီ နှင့် Tea များကိုလည်း မိမိတို့ ကြိုက်နှစ်သက်ရာ ရွေးချယ် စားသုံးနိုင်ပြီး ရာသီချိန် သစ်သီးဖျော်ရည် များနှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါတယ်။

အခမဲ့  ၀ိုင်ဖိုင် ကိုလည်း ရရှိနိုင်သောကြောင့် ကော်ဖီ သောက်ရင်း အလုပ်လုပ် နိုင်မှာ ဖြစ်သလို အနားလည်း ယူနိင်သော ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ဒီ ဆိုင်လေး ကို သွားမယ် ဆိုရင်တော့ Green Tea Cheese Cake, Blue Berry Yogurt Mousse Cake နှင့် Strawberry Danish တို့ ကတော့ အရသာ ရှိလှတာကြောင့် မြည်း စမ်းကြည့် ဖို့  အကြံပြု ချင်ပါတယ်။ သောက်စရာ အတွက် ကော့ Cappuccino နှင့် Americano ကို အကြံပြု ချင်ပါတယ်။

J Café ကတော့ သွားလာရလည်း လွယ်ကူသော တည်နေရာ ၊ ကျယ်ဝန်းပြီး လေကောင်း လေ သန့် လည်း ရရှိကာ ဧည့်သည် ၅၀ ခန့် စားသုံးနိုင်သော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ အထူး သဖြင့် စုံတွဲများ ၊ စီးပွားရေး သမား များနှင့် မိသားစု များအတွက်လည်း အဆင်ပြေပြီး ၀န်ဆောင်မှု့ လည်း ကောင်းမွန် ကာ ဖော်ရွေသော ၀န်ထမ်းများ ကလည်း စိတ်ကျေနပ် မှု့ အပြည့်ဝ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကဖေး ကောင်းကောင်း တစ်ခု ရှာနေတယ်ဆိုရင်တော့ J Café ကို တစ်ခေါက် လောက် အရောက်သွားကြည့် ဖို့ အကြံပြု ချင်ပါတယ်။



J Cafe @ Jasmine Palace Hotel

  • ကဖီး | ကိတ်မုန့်  /ပေါင်မုန့် | အချိုပွဲ
  • အချိုပွဲ | ဟင်းပွဲအသေး | ပေါင်မုန့် | သစ်သီးဖျော်ရည် | ရေခဲမုန့် 
  • ခရစ်ဒစ်ကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • အိမ်တိုင်ရာရောက်ပို့ ပေးသည်၊ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +9512304402
  • +9512304403
  • 11:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • No.341,Pyay Road,Sanchaung Township,Yangon
  • Facebook
  • Web Site
  • 50

ထောက်ခံချက် အမှတ်အသား