များများဖတ်ရန်
  • ၈ျပန် အစားစာ
  • K.1000-7000
  • K.1000-7000

Ichiban Sushi စားသောက်ဆိုင် သည် ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ တွင် စတင် ဖွင့်လှစ် ခဲ့သော ဆိုင်လေး ဖြစ်ပါသည်။ ဂျပန်ရိုးရာ စားသောက်ဆိုင် လေးဖြစ်ပြီး ဆိုင်တည်နေရာကတော့ အမှတ် ၁၄၈ ၊ အနော်ရထာလမ်းမကြီး ၊ ၄၇လမ်း နှင့် ၄၈လမ်းကြား ၊ ဗိုလ်တစ်ထောင် မြို့နယ် တွင် တည်ရှိပါသည်။

ဆိုင်အပြင်အဆင် အနေဖြင့် ရိုးရှင်းပြီး စတိုင်ကျ လှပကာ ၊ သန့်ရှင်းသပ်ရပ်ပြီး အေးဆေးငြိမ်သက် သည့်အတွက် အေးအေးဆေးဆေး စားသောက်ချင်သူများ အတွက် ဆိုင်ကောင်းလေး တစ်ဆိုင်လည်း ဖြစ်ပါသည်။ ဧည့်သည်အ ယောက် ၅၀ ခန့် စားသုံး နိုင်ပါသည်။

ဆိုင်မှာ ရရှိနိုင်တဲ့ အဓိက အစားအစာ တွေကတော့ ဂျပန် အစားအစာများ ဖြစ်ပါသည်။ ဒါအပြင့် ထမင်း နှင့် ဟင်းပွဲ ဆက်များ ၊ ဆူရှီ အမျိုးအစားပေါင်း များစွာ ၊ ငါးအသားလွှာ အမျိုးမျိုး ၊ အရွက်သုပ် အမျိုးမျိုး ၊ ပင်လယ်စာ အမျိုးမျိုး ၊ တန်ပူရာကြော် များနှင့် အကြော်စုံ အမျိုးမျိုး ၊ ဟင်းချို အမျိုးမျိုး ၊ ဂျပန်ဆန်ဝိုင် နှင့် အခြားသော အအေး အမျိုးမျိုး တို့ကိုလည်း ရရှိနိုင်ပါသည်။ ဂျပန် နိုင်ငံမှ တင်သွင်းတဲ့ ဘီယာ နှင့် ၀ိုင် များကိုလည်း ရရှိနိုင်ပါသည်။

ပျမ်းမျှဈေးနှုန်းအနေနှင့် ၅၀၀ ကျပ်သည် တစ်ယောက်စာ အတွက် လုံလောက်ပါသည်။ ပိုင်ရှင်မှာ မြန်မာနိုင်ငံသား ဖြစ်ပြီး စားဖိုမှူး မှာလည်း မြန်မာနိုင်ငံသား တစ်ဦးပင်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ မှ အချက်အပြုတ် များကို လေ့လာသင်ယူ ခဲ့သော အတွေ့အဲကြုံရှိ စားဖိုမှူးတစ်ဦး လည်းဖြစ်ပါသည်။

ကျန်းမာရေး နှင့် ညီညွတ်စေရန် ရည်ရွယ်ပြီး ချက်ပြုတ်ထားသော ဟင်းလျာများ ဖြစ်သောကြောင့် အရသာ အထူး ကောင်းမွန်ကာ ဈေးနှုန်း ချိုသာမှု ရှိသောကြောင့် လူကြိုက်များသော ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါသည်။

ဆိုင်လေးသည် ချစ်သူစုံတွဲများ ၊ သူငယ်ချင်းများ ၊ မိသားစုများ နှင့် အတူတူ တွေ့ဆုံဖို့ အတွက် နေရာကောင်းလေး တစ်ခုဖြစ်ပါသည်။

Ichiban Sushi and Japanese Food

ထောက်ခံချက် အမှတ်အသား