များများဖတ်ရန်
  • ကိတ်မုန့်  /ပေါင်မုန့် / အချိုပွဲ
  • K.2000-10000
  • K.2000-30000

Home Sweet Home Cafe ဆိုင်သည် နံပါတ် ၄၄၀၊ ကုန်သည်လမ်းမကြီး၊ လသာမြို့နယ်၊ ရန်ကုန်မြို့ တွင်တည်ရှိပါသည်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၂နာရီမှစတင်ဖွင့်လှစ်ကာ ည ၁၀နာရီထိဖြစ်ပါသည်။ ဆိုင်သည် ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ်ပါသည်။ ဆိုင်အတွင်းပိုင်းအပြင်အဆင်သည် ဖန်စီကျကာ ၊ စတိုင်ကျရိုးရှင်းပြီး ၊ အလင်းရောင်ဖျော့ဖျော့ ၊ သန့်ရှင်းသပ်ရပ်ပြီး ၊ သက်တောင့်သက်သာရှိတဲ့နေရာထိုင်ခင်း၊ ဆိုင်အတွင်းသန့်ရှင်းသပ်ရပ်ပြီး၊ သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ဖွင့်လှစ်ထားပြီး၊ နေရာထိုင်ခင်းတွေအားလုံးကလည်း ခေတ်မှီလှပပါသည်။ ဆိုင်အတွင်းတွင်ချစ်ဖို့ကောင်းလှတဲ့ရေခဲမုန့်မီးအိမ်သေးသေးလေးတွေကိုစားပွဲတိုင်းတွင်တင်ထားပါသည်။နံရံတွင်လည်းတရုတ်စာအရေးအသားစာများကိုလည်းခြယ်ထားပါသည်။နံရံတွင်လည်းအလှပုံများစွာကိုချိတ်ဆွဲထားပြီးနံရံကပ်စင်တိုများတွင်လည်းနာမည်ကျော်ကြားခဲ့သောတရုတ်မင်းသားဓာတ်ပုံများ၊နာမည်ကြီးခဲ့သောတရုတ်ဇာတ်ကားများ၊အလှပန်းအိုးများနှင့်အခြားသောအလှအပပစ္စည်းများကိုလည်းအလှဆင်ထားပါသည်။ ဆိုင်တွင်business meeting အတွက်လည်း private roomလည်းရှိပါသည်။ဆိုင်၏အဓိကအစားအစာကတော့အချိုပွဲအမျိုးမျိုး ပဲဖြစ်ပါသည်။ဆိုင်တွင်ကော်ဖီ၊လက္ဘက်ရည်၊Smoothies၊ Lime Soda၊ Soft Drinks၊ ဟောင်ကောင်ကြက်ဥဝေဖာအမျိုးမျိုး ၊ဝေဖာအလုံးလေးများ၊ ရေခဲမုန့် ကိုကြိုက်နှစ်သက်ရာများထည့်၍စိတ်ကြိုက်သုံးဆောင်နိုင်ခြင်း၊ Ice Cream Parfaitအမျိုးမျိုး ၊ ကိတ်မုန့်နှင့်ပေါင်မုန့်တို့ကိုရရှိနိုင်ပါသည်။ ဆိုင်တွင် လောလောဆယ်အသစ်ထုတ်ထားတဲ့ menuတွေကတော့ New York Cheese Cake၊ Ice Cream Cookies Sandwich၊ Chocolate Fudge Cake တို့ဖြစ်ပါသည်။ါသည်။ဆိုင်တွင်အရာသာလွန်စွာရှိသောအချိုပွဲများစွာနှင့် Wi-Fi ဖရီးလည်းရရှိနိုင်ပါသည်။ဆိုင်တွင်နာမည်ကြီးပြီးrecommendပေးချင်တဲ့အစားအစာတွေကတော့ဟောင်ကောင်ကြက်ဥဝေဖာ၊ မြန်မာနို့လက္ဘက်ရည်အေးနှင့်မြန်မာနို့လက်က္ဘက်ရေခဲမုန့် Parfait တို့ကိုညွှန်းချင်ပါတယ်။ငှက်ပျောသီပေါင်မုန့်အရသာကတော့တစ်ခြားသောဆိုင်တွေတွင်မရရှိနိုင်သောအရသာမျိုးဖြစ်ပါသည်။ဆိုင်ပိုင်ရှင်နှင့်စားဖိုမှူးသည်ဟောင်ကောင်လူမျိုးဖြစ်ပါသည်။ဆိုင်ပိုင်ရှင်သည်ချိုသာသောမျက်နှာနှင့်လွန်စွာသဘောကောင်းပြီးဆက်ဆံရေးအလွန်ကောင်းမွန်ပါသည်။ဧည့်သည်များအပေါ်လွန်စွာဧည့်ဝတ်ကျေပွန်သောဝန်ထမ်းများဝန်ထမ်းများသည်ကောင်းစွာလေ့ကျင့်ထားသောသူများ ဖြစ်ပါသည်။မြို့ထဲတွင်အကောင်းဆုံး အချိုပွဲ နှင့်ကော်ဖီဆိုင်တစ်ဆိုင်ပဲဖြစ်ပါသည်။ဆိုင်လေးကတော့ ချစ်သူစုံတွဲများ၊ သူငယ်ချင်းတွေမိသားစုတွေနှင့်အတူတူသွားရောက်နိုင်တဲ့ကော်ဖီဆိုင်လေးဖြစ်ပြီးကလေးများ ၊ အုပ်စုလိုက်အဖွဲ့များ ၊မွေးနေ့ပွဲများနှင့်အခြားသောပွဲများကိုလည်းကျင်းပနိုင်ပါသည်။ ဈေးနှုန်းတွေအားလုံးသည်သင့်တင့်လှပါသည်။ ဆိုင်တွင်သီတင်းကျွတ်ပရိုးမိုးရှင်းအနေဖြင့် ၂၀% ကို New York heese Cake နဲ့ Chocolate Fudge Cake တို့ဖြစ်ပါသည်။ Myanmar Drecome discount coupon လေးကိုပြပြီး total bills အပေါ်မှာ ၁၀% ရယူလိုက်ပါနော်။

Home Sweet Home Yangon Cafe

ထောက်ခံချက် အမှတ်အသား