များများဖတ်ရန်
  • ကိုရီးယား အစားစာ
  • K.10000-15000
  • K.10000-15000

Han Kook Kwan ကိုးရီးယားစားသောက်ဆိုင်လေးကိုတော့ ၂၄/၈၊ ပြည်သူ့ လမ်း၊ ၇ မိုင်၊ ပြည်လမ်းမကြီး၊ မရမ်းကုန်းမြို့ နယ်မှာ ၁၉၉၉ ခုနှစ်ကစတင်ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ ဒီဆိုင်ကတော့ မြန်မာနိုင်ငံနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ထားတဲ့ ကိုးရီးယားစားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရဲ့ အဓိကအစားအစာကတော့ ကိုးရီးယားအစားအစာဖြစ်ပြီး ကိုးရီးယားစားဖိုမှူးကြီးကိုယ်တိုင်ချက်ပြုတ်ပေးတာကြောင့် ကိုးရီးယား အရသာမပျက်စားသုံးနိုင်မယ့်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ နေ့ လည် ၃ နာရီအထိကတော့ နေ့ လည်စာကို ရရှိနိုင်မှာဖြစ်ပြီး ညနေ ၅ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိကတော့ ည စာကိုရရှိနိုင်မှာဖြစ်ပါတယ်။ ထမင်းသုပ်၊ ပဲခေါက်ဆွဲ၊ တော့ပူကီနှင့် ကင်ချီဟင်းရည်တို့ ကတော့ လူကြိုက်များတဲ့အစားအစာဖြစ်ပြီး စားဖိုမှူးကြီး များကိုယ်တိုင် စားသုံးကြည့်ဖို့ အကြံပြုထားတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ဒီဆိုင်လေးမှာတော့ ဧည့်သည် ၂၀၀ ခန့် စားသုံးနိင်မှာဖြစ်ပြီး သီးသန့် ခန်းများလည်းပါရှိပြီး စီးပွားရေးနှင့်ပတ်သတ်သော မိတ်ဆုံစားပွဲများ၊ မွေးနေ့ ပါတီများနှင့် အဖွဲ့ လိုက်ပါတီများလည်းကျင်းပနိုင်သောဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဒါကြောင့် ကိုးရီးယား အစားအစာများကို အရသာရှိရှိသုံးဆောင်ရင်းသက်တောင့်သက်သာ စားသုံးချင်တယ်ဆိုရင်တော့ Han Kook Kwan ကိုးရီးယားစားသောက်ဆိုင်လေးကိုလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Han Kook Kwan Korean Restaurant

  • ကိုရီးယား အစားစာ
  • ထမင်း နှင့်ဟင်းလျာ
  • သီးသန့်အခန်း | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +951662757
  • +95943206658
  • 11:00 AM - 10:30 PM ( ပိတ်သည် တနင်္ဂနွေနေ )
  • No. 24-B, Pyi Thu Street, 7 mile, Mayangone Township, Yangon.
  • Facebook
  • Web Site
  • 200

ထောက်ခံချက် အမှတ်အသား