များများဖတ်ရန်
  • ကိုရီးယား အစားစာ / အခြား အစားစာ
  • K.8000-15000
  • K.8000-15000

Han il Kwan Korean Restaurant ကို ၁၉၉၆ ခုနစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါသည်။ တည်နေရာမှာ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ၆မိုင်ခွဲ မှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားတာ ဖြစ်ပါသည်။ ဆိုင်၏ အပြင်အဆင် အခင်းအကျင်း မှာ ဝင်ရောက်လာသော ဧည့်သည်များအတွက် တိတ်ဆိတ်အေးချမ်းမှုကို ရရှိစေနိုင်ပါသည်။ ဆိုင်သည် ခြံဝန်းကျယ်ကြီးထဲတွင် ရှိပြီး အဝင်အဝ ဒီဇိုင်းမှာ ရိုးရှင်းသော ပြင်ဆင်မှုမျိုးဖြစ်ပြီး အဖြူရောင် အဆောက်အဦး ဖြစ်ကာ ဆိုင်နာမည်ကို အဖြူရောင် အောက်ခံတွင် အနီရောင်စာလုံးဖြင့် ရေးသားထားသောသောကြောင့် သိသာစွာ ထင်ရှားနေပါသည်။ ရောက်လာသူတို့၏ စိတ်ကိုကြည်နူးလန်းဆန်းသွား စေရုံအပြင် ကျယ်ဝန်းသန့်ရှင်းခြင်းသည်ကလည်းပဲ ဆိုင်၏ အားသာချက် တစ်ခုဖြစ်သည်

အစားအစားများ အားလုံးကို ပိုင်ရှင်၏ စိတ်ကူးအိုင်ဒီယာဖြင့် လှပသေသပ်စွာ ချက်ပြုတ်ပြင်ဆင်ထားသော ဟင်းလျာများမှာလည်း ဟင်းပွဲတွေကို မြင်ရုံဖြင့် အရသာအရမ်းကောင်းမည်ဆိုတာကို ယုံကြည်နိုင်မည် ဖြစ်ပါသည်။ ကိုရီးယား menu ရော English menu ပါရှိပါသည်။ ဝက်ဂုတ်သားကင် ကတော့ ဆိုင်ရဲ့ လူကြိုက်အများဆုံး နဲ့ ရောင်းအားအကောင်းဆုံး ဟင်းလျာပဲ ဖြစ်ပါသည်။ ၈၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ် ဝန်းကျင်သာ ရှိသော ဈေးနှုန်းက ကိုရီးယားအစားအစာ ကောင်းကောင်းရရှိနိုင်သော ဆိုင်များတွင် အလွန်သင့်တင့်မှုရှိတာကြောင့် စားသုံးသူတွေလည်း သဘောကျကြပါသည်။ တစ်ယောက်စာ ပျှမ်းမျှ ကုန်ကျစရိတ်မှာ ၁၀၀၀၀ ကျပ်ခန့် ဖြစ်ပါသည်။

ကိုရီးယားအစားအစာ တစ်မျိုးတည်းကိုသာ သီးသန့်စီစဉ်ပေးထားတာ ဖြစ်သည့်အတွက် နိုင်ငံခြားသားများ နှင့် မြန်မာနိုင်ငံမှ ကိုရီးယား အစားအစာ အထူးကြိုက်နှစ်သက်ကြသူများ အတွက် အကောင်းဆုံး နှင့် အဆင်ပြေဆုံးသော အဆင့်မြင့် ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။ နိုင်ငံတကာမှ ရောက်ရှိနေသော နိုင်ငံခြားသား ဧည့်သည်များအတွက်လည်း အဆင်ပြေအောင် စီစဉ်ထားတာဖြစ်လို့ ထူးခြားသည့် နိုင်ငံမှာ ရောက်ရှိသုံးဆောင်နေရသလို ခံစားချက်ကိုပေးစွမ်းနိုင်မှာ အသေချာပဲ ဖြစ်ပါသည်။ ကျယ်ဝန်းသော ကားပါကင် ရှိပါသည်။ လူဦးရေ ၂၀၊ ၁၀ နှင့် ၄၀ ဆန့်သော သီးသန့်ခန်း ၉ခန်း ရှိပါသည်။ ရုံးအဖွဲ့များ၊ မိသားစုများနှင့် သူငယ်ချင်းအဖွဲ့များ ပါတီပွဲများ လာရောက် ကျင်းပနိုင်သည့် အဆင်မြင့် ကိုရီးယား စားသောက်ဆိုင် ဖြစ်ပါသည်။

ပိုင်ရှင်မှာ ကိုရီးယားလူမျိုးဖြစ်ပြီး စားဖိုမှူးများမှာ ကိုရီးယား နိုင်ငံသားရော မြန်မာနိုင်ငံသားများပါ ဖြစ်ကြပါသည်။ နိုင်ငံခြား အတွေ့အကြုံ ရှိ ဝါရင့်စားဖိုမှူးများ ဖြစ်သောကြောင့် ဟင်းလျာတို့၏ လက်ရာသည် အလွန်ပင် အနံ့ အရသာတို့နှင့် ပြည့်စုံပါသည်။ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်မျိုးစုံကို ရယူသုံးဆောင်နိုင်မှာ ဖြစ်ပါသည်။ ဝန်ထမ်းများ၏ ဖော်ရွေ ပြူငှါမှုကြောင့် ရောက်လာသူအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှုများ ရရှိထားပြီး ဖြစ်သည့် အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။

Han il Kwan

  • ကိုရီးယား အစားစာ | အခြား အစားစာ
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ
  • ဆေးလိပ်သောက်ခွင့် | သီးသန့်အခန်း | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +959448010594
  • 10:00 AM - 10:00 PM ( ဘာမှမရှိပါ )
  • No.32, 6.5 Mile, Pyay Road, Mayangone Township
  • 100

ထောက်ခံချက် အမှတ်အသား