များများဖတ်ရန်
  • တရုတ် အစားစာ / အနောက်တိုင်း အစားစာ / အခြား အစားစာ
  • K.10000-20000

သာယာတဲ့ ပတ်ဝန်းကျင်နဲ့ ရန်ကုန်မြစ် ၊ ရွှေတိဂုံဘုရား ၊ ရန်ကုန်မြို့လယ်ရှုခင်းများကို ခံစားနိုင်သလို ညနေပိုင်းမှာချစ်သူနှင့် Romantic ဆန်ဆန် Dinner စားသုံးချင်သူများ၊ သူငယ်ချင်းများနှင့် အေးအေးဆေးဆေး အပန်းဖြေလိုသူများအတွက် အသင့်တော်ဆုံး နေရာတစ်ခုပါ။

ဆိုင်အပြင်အဆင်မှာ ခေတ်မီကာလှပသလို ၁၁လွှာ မှာဖွင့်လှစ်ထားတာဖြစ်လို့ ရန်ကုန်မြို့ရဲ့ အလှအပများကို အပေါ်စီးက ကြည့်ရှု ခံစားရမှာပါ။ ဝန်ထမ်းများ၏ ဝန်ဆောင်မှု ကောင်းသောကြောင့် စားသုံးသူများကို စိတ်ကျေနပ်စေသော ဆိုင်တစ်ဆိုင်ဖြစ်ပါသည်။ ထို့အပြင် လေတစ်ဖြူးဖြူး တိုက်ခတ်နေကာ ရန်ကုန်မြစ်အလှနှင့် ရန်ကုန်မြို့ညရှုခင်းအလှ တို့ရဲ့ခံစားချက်ကလည်း လန်းဆန်းစေမှာပါ။ ထို့အပြင် မြက်ခင်းတုခင်းထားခြင်း ၊ ရှေးခတ်မှ ပုံများနံရံပေါ်တွင်ေ၇းဆွဲထားခြင်းကလည်း တစ်မျိုးတစ်ဖုံ အမြင်ဆန်းသစ်နေမှာပါ။

Family Karaoke နှင့်တွဲဖက် ဖွင့်လှစ်ထားသောကြောင့် သီချင်းသီဆိုလိုသူများ အတွက်လည်း အဆင်ပြေစေမှာပါ။

Great Garden Bar

ထောက်ခံချက် အမှတ်အသား