များများဖတ်ရန်
  • တရုတ် အစားစာ
  • K.12000-15000
  • K.15000-15000
Around 4000 MMK
Around 5000 MMK

ရွှေဘဲ ( ၈မိုင်) ဆိုင်သည် ၂၀၀၄ ခုနစ် က စတင်ဖွင့်လှစ်ခဲ့သော ဆိုင်ဖြစ်ပါသည်။ ဆိုင်တည်နေရာမှာ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းပေါ်မှ ၈မိုင်ဂုန်းကျော်တံတားဘေး မြိုင်ဟေဝန် ပန်းခြံအနီးတွင် တည်ရှိပါသည်။ ရန်ကုန်မြို့တွင် ဆိုင်ခွဲ ၆ဆိုင်ရှိပြီး၊ ၈ မိုင် ရွှေဘဲ စားသောက် ဆိုင်တွင် ကလေးကစားကွင်း လည်း ပါရှိပြီး ခြံဝန်းကျယ်ကြီးထဲတွင် ဖွင့်လှစ်ထားကာ အဝင်ဝ ဒီဇိုင်း ကိုလည်း ရိုးရှင်းသော ပုံစံဖြင့် အလှ ဆင်ထားသောကြောင့် စိတ်ကိုကြည်နူးလန်းဆန်းသွား စေရုံအပြင် ကျယ်ဝန်းသန့်ရှင်းခြင်းသည် ကလည်းပဲ လာရောက် သုံးဆောင် သူများကို ၀င်ဝင် ချင်းပဲ စိတ်ကျေ နှပ်မှု ပေးစွမ်း နိုင်မှာ ဖြစ်ပါသည်။

ရျွှေဘဲ စားသောက် ဆိုင်ရဲ့ အစားအစားများ အားလုံးကို ကျွမ်းကျင်သော စားဖိုမှူးများ၏ စိတ်ကူးအိုင်ဒီယာဖြင့် လှပသေသပ်စွာ ချက်ပြုတ်ပြင်ဆင်ထားတာ ဖြစ်တာကြောင့် ဟင်းလျာများမှာလည်း ဟင်းပွဲတွေကို မြင်ရုံဖြင့် အရသာအရမ်းကောင်းမည်ဆိုတာကို ယုံကြည်နိုင်မည် ဖြစ်ပါသည်။ ဒီဆိုင် မှာဆိုရင် တရုတ်အစားအစာကို အဓိက ရရှိနိုင်မှာ ဖြစ်ပြီး တရုတ်ဘာသာဖြင့် ရေးထားသော menu အပြင် English ၊ မြန်မာ menu ပါရှိပါသည်။ ဘဲကင်ကတော့ ဆိုင်ရဲ့ လူကြိုက်အများဆုံး နဲ့ ရောင်းအားအကောင်းဆုံး ဟင်းလျာပဲ ဖြစ်ပါသည်။
ပျမ်းမျှ ဈေးနှုန်း ၂၅၀၀ ကျပ်မှ ၁၅၀၀၀ကျပ် ဝန်းကျင်ရှိသော တရုတ်အစားအစာ ကောင်းကောင်းရရှိနိုင်သည့် အဆင့်မြင့် ဆိုင်များတွင် Golden Duck စားတော်ဆက်သည် အလွန်သင့်တင့်သော ဈေးနှုန်းရှိခြင်းကြောင့် စားသုံးသူတွေလည်း သဘောကျကြပါသည်။ တစ်ယောက်စာ ပျှမ်းမျှ ကုန်ကျစရိတ်မှာ ၂၀၀၀၀ ကျပ်ခန့် ဖြစ်ပါသည်။

တရုတ်အစားအစာ တစ်မျိုးတည်းကိုသာ သီးသန့်စီစဉ်ပေးထားတာ ဖြစ်သည့်အတွက် နိုင်ငံခြားသားများ နှင့် မြန်မာနိုင်ငံမှ တရုတ်အစားအစာ အထူးကြိုက်နှစ်သက်ကြသူများ အတွက် အကောင်းဆုံး နှင့် အဆင်ပြေဆုံးသော အဆင့်မြင့် ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။ နိုင်ငံတကာမှ ရောက်ရှိနေသော နိုင်ငံခြားသား ဧည့်သည်များအတွက်လည်း အဆင်ပြေအောင် စီစဉ်ထားတာဖြစ်လို့ အဆင်ပြေ ချောမွေ့စွာ သုံးဆောင် နိုင်မှာ ဖြစ်ပါသည်။ ဆိုင် ဧရိယာ ကျယ်ဝန်းသောကြောင့် ကား ပါကင် အတွက်လည်း အဆင်ပြေ ချောမွေ့ ပြီး၊ သီးသန်း ခန်းတွေ လည်း ရရှိနိုင် ပါသည်။

ပိုင်ရှင်မှာ မြန်မာလူမျိုးဖြစ်ပြီး စားဖိုမှူးများမှာလည်း မြန်မာနိုင်ငံသားများပင် ဖြစ်သော်လည်း နိုင်ငံခြား အတွေ့အကြုံ ရှိ ဝါရင့်စားဖိုမှူးများ ဖြစ်သောကြောင့် ဟင်းလျာတို့၏ လက်ရာသည် အလွန်ပင် အနံ့ အရသာတို့နှင့် ပြည့်စုံပါသည်။ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်မျိုးစုံကို ရယူသုံးဆောင်နိုင်မှာ ဖြစ်ပါသည်။ ဝန်ထမ်းများ၏ ဖော်ရွေ ပျူငှာမှု ၊ ဂရုစိုက်မှုတို့ကြောင့် ရောက်လာသူအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှုများ ရရှိထားပြီး ဖြစ်သည့် အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။

Golden Duck (8 MILE)

  • တရုတ် အစားစာ
  • ထမင်း နှင့်ဟင်းလျာ | ဘဲကင် | တုံယမ်း ဟင်းချို | ယမကာ | သစ်သီးဖျော်ရည် | ပင်လယ်စာ | အအေး | အသားကင်
  • ခရစ်ဒစ်ကတ် | ဗီဇာကတ် | မာစတာကတ် | ယူနီယန် ကတ် | ဂျေစီဘီ ကတ်
  • အင်္ဂလိပ် ဘာသာ
  • တရုတ် | အင်္ဂလိပ်
  • ဆေးလိပ်သောက်ခွင့် | သီးသန့်အခန်း | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | ကလေး | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +959443355755
  • 09:00 AM - 10:00 PM ( ဘာမှမရှိပါ )
  • Myaing Hay Won Park, 8 Mile, Mayangone Township, and Yangon.
  • 400

ထောက်ခံချက် အမှတ်အသား