များများဖတ်ရန်
  • ထိုင်း အစားစာ
  • K.2500-
  • K.2500-

ကွေ့ သယို ( တာမွား ) ဆိုင် ကိုတော့ လှိုင်မြို့ နယ် ၊ ၆ မိုင်ခွဲ ၊ Market Place by City Mart ရဲ့ အပေါ်ထပ် မှာ ဖွင့်လှစ်ထားပါသည်။ ယခု အခါ ရန်ကုန် မြို့ တွင် ဆိုင်ခွဲ ၂ ဆိုင်ဖွင့်လှစ် ထားပါသည်။

သန့် ရှင်းသော ဆိုင်ပတ်ဝန်းကျင်၊ ရိုးရှင်းပြီး စတိုင်ကျ လှပသော ဆိုင် အပြင်ဆင် ၊ သန့် ရှင်း သပ်ရပ် ပြီး ဧည့်သည် ၅၀ ခန့် စားသုံးနိုင်ကာ အရသာ ရှိသော အစားအစာ များကို သက်တောင့် သက်သာ နှင့် အေးအေး ချမ်းချမ်း စားသုံး နိုင်တဲ့ ဆိုင် ဖြစ်ပါသည်။

ဆိုင်ရဲ့ အဓိက အစားအစာ ကတော့ ထိုင်းအစားအစာ ဖြစ်ပြီး ထိုင်းဟင်းလျာ မျိုးစုံကို ရရှိနိုင်ပါသည်။ သောက်စရာ အတွက် ကတော့ သစ်သီးဖျော်ရည်များ ၊ Soft Drinks နှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါသည်။

ကွေ့ သယို ၊ ကြက်ဆီ ထမင်း ၊ သဘောင်္သီးထောင်း ၊ Lemon Tea နှင့် Thai Milk Tea တို့ ကတော့ ဆိုင်ရဲ့ လူကြိုက် အများဆုံး အစားအစာ များဖြစ်ပြီး ဈေးနှုန်း သင့်တင့်ကာ အရသာ လည်း ပြည့်ဝသော ကြောင့် စားဖိုမှူး ကြီးများ မှ လည်း မြည်းစမ်း ကြည့်ဖို့ အကြံပြု ထားတဲ့ အစားအစာ များ ဖြစ်ပါသည်။

ကွေ့ သယို ( တာမွား ) ဆိုင်လေးကတော့ ချစ်သူ စုံတွဲများ ၊ စီးပွားရေး နှင့် ပတ်သတ်သော မိတ်ဆုံစားပွဲများ ၊ မိသားစု များ ၊ သူငယ်ချင်း အပေါင်းသင်းများ ၊ မွေးနေ့ ပါတီ များလည်း ကျင်းပနိုင်ပြီး ၆ မိုင်ခွဲ ၊ Market Place by City Mart မှာ ဈေး ၀ယ်ထွက်ရင်းစားသုံးချင်သူတွေ အတွက်လည်း အဆင်ပြေတဲ့ ဆိုင်ဖြစ်ပါသည်။ ၀န်ထမ်းများ မှာလည်း ဖော်ရွေပြီး ၀န်ဆောင်မှု့ လည်း ကောင်းမွန် ပါသည်။

ဒါကြောင့် ဈေးဝယ်ထွက်ပြီး အရသာ ရှိတဲ့ ထိုင်းအစားအစာ များကို ကိုယ်ချစ်ရတဲ့ သူတွေ နဲ့ မျှဝေ စားသုံးချင်တယ်ဆိုရင်တော့ ကွေ့ သယို ( တာမွား ) ကို တစ်ခေါက်လောက် အရောက်သွားကြည့်လိုက်နော်။ ကွေ့ သယို ( တာမွား ) မှ လူကြီးမင်းတို့ အား အကောင်းဆုံး သော ၀န်ဆောင်မှု့ များ ပေးဖို့ စောင့်မျှော်နေပါတယ်။

FYI,Kuay Teaw by Tummour @ 6.5 Miles

  • ထိုင်း အစားစာ
  • ထမင်း နှင့်ဟင်းလျာ
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +959775049155
  • 09:00 AM - 09:00 PM ( ဘာမှမရှိပါ )
  • No.17,18, 1st floor, Maket Place by City Mart ,6.5miles, Pyay Road, Hlaing Township, Yangon
  • Facebook
  • 50

ထောက်ခံချက် အမှတ်အသား