များများဖတ်ရန်
  • ၈ျပန် အစားစာ
  • K.5000-20000
  • K.5000-30000

Fuji Secret Garden ကို Junction Square Shopping Center ၌ ၂၀၁၅ ခုနစ်တွင် ရန်ကုန်မြို့၏ တတိယမြောက် ဆိုင်ခွဲအဖြစ် ထပ်မံဖွင့်လှစ်ခဲ့သည်။ ဆိုင်ခွဲများကို မြန်မာနိုင်ငံတွင် သာမက ထိုင်းနိုင်ငံ တွင် ဆိုင်ပေါင်း ၁၀၀ ကျော်နှင့် လာဆိုနိုင်ငံတွင်လည်း ဖွင့်လှစ်ထားသည်။ အဝင်အဝ ဒီဇိုင်းကို ခေတ်မှီသော ဂျပန်စတိုင် ပြင်ဆင်မှုမျိုးဖြစ်ပြီး ဆိုင်နာမည်ကို အပြာရောင် စာလုံးများဖြင့် ရေးသားထားပြီး ဖူဂျီတောင် ပုံစံပါသောကြောင့် သိသာစွာ ထင်ရှားနေပါသည်။ ရောက်လာသူတို့၏ စိတ်ကိုကြည်နူးလန်းဆန်းသွား စေရုံအပြင် ကျယ်ဝန်းသန့်ရှင်းခြင်း သည်ကလည်းပဲ ဆိုင်၏ အားသာချက် တစ်ခုဖြစ်သည်။

အစားအစားများ အားလုံးကို ကျွမ်းကျင်သော စားဖိုမှူးများ၏ စိတ်ကူးအိုင်ဒီယာဖြင့် လှပသေသပ်စွာ ချက်ပြုတ်ပြင်ဆင်ထားသော ဟင်းလျာများမှာလည်း ဟင်းပွဲတွေကို မြင်ရုံဖြင့် အရသာအရမ်းကောင်းမည်ဆိုတာကို ယုံကြည်နိုင်မည် ဖြစ်ပါသည်။ ဂျပန်အစားအစာကို အဓိက ရရှိနိုင်မှာ ဖြစ်ပြီး Banto Boxနှင့် ဆာရှိမိ တို့ကတော့ ဆိုင်ရဲ့ လူကြိုက်အများဆုံး နဲ့ ရောင်းအားအကောင်းဆုံး ဟင်းလျာများပဲ ဖြစ်ပါသည်။ ၅၀၀၀ ကျပ်မှ ၃၀၀၀၀ကျပ် ဝန်းကျင်ရှိသော ဂျပန်အစားအစာ ကောင်းကောင်းရရှိနိုင်သည့် ဆိုင်များတွင် Fuji Japanese Restaurant သည် အလွန်သင့်တင့်သော ဈေးနှုန်းရှိခြင်းကြောင့် စားသုံးသူတွေလည်း သဘောကျကြပါသည်။ တစ်ယောက်စာ ပျှမ်းမျှ ကုန်ကျစရိတ်မှာ ၃၀၀၀၀ ကျပ်ခန့် ဖြစ်ပါသည်။

ဂျပန်အစားအစာ တစ်မျိုးတည်းကိုသာ သီးသန့်စီစဉ်ပေးထားတာ ဖြစ်သည့်အတွက် နိုင်ငံခြားသားများ နှင့် မြန်မာနိုင်ငံမှ ဂျပန်အစားအစာ အထူးကြိုက်နှစ်သက်ကြသူများ အတွက် အကောင်းဆုံး နှင့် အဆင်ပြေဆုံးသော အဆင့်မြင့် ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။ နိုင်ငံတကာမှ ရောက်ရှိနေသော နိုင်ငံခြားသား ဧည့်သည်များအတွက်လည်း အဆင်ပြေအောင် စီစဉ်ထားတာဖြစ်လို့ ထူးခြားချက်မှာ ဂျပန်နိုင်ငံတွင် ရောက်ရှိသုံးဆောင်နေရသလို ခံစားချက်ကိုပေးစွမ်းနိုင်မှာ အသေချာပဲ ဖြစ်ပါသည်။

ပိုင်ရှင်မှာ ဂျပန်လူမျိုးဖြစ်ပြီး စားဖိုမှူးများမှာ ယိုးဒယားများနှင့် မြန်မာနိုင်ငံသားများ ဖြစ်ကာ နိုင်ငံခြား အတွေ့အကြုံ ရှိ ဝါရင့်စားဖိုမှူးများ ဖြစ်သောကြောင့် ဟင်းလျာတို့၏ လက်ရာသည် အလွန်ပင် အနံ့ အရသာတို့နှင့် ပြည့်စုံပါသည်။ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်မျိုးစုံကို ရယူသုံးဆောင်နိုင်မှာ ဖြစ်ပါသည်။ ဝန်ထမ်းများ၏ ဖော်ရွေ ပြူငှါမှု ၊ ဂရုစိုက်မှုတို့ကြောင့် ရောက်လာသူအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှုများ ရရှိထားပြီး ဖြစ်သည့် အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။

Fuji Japanese Restaurant (Secret Garden)

  • ၈ျပန် အစားစာ
  • ဆူရှီ | ရှာဘူ ရှာဘူ | ငါးအစိမ်းလွှာ | ဟင်းချို | အသုပ် | သစ်သီးဖျော်ရည် | အအေး | တွဲဆက်ထားသော ဟင်းပွဲ
  • ဗီဇာကတ် | မာစတာကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +9512304494
  • 09:00 AM - 09:00 PM ( ဘာမှမရှိပါ )
  • Secret Garden, Junction Square shopping Center, Kamayut
  • Facebook
  • Web Site
  • 100

ထောက်ခံချက် အမှတ်အသား