များများဖတ်ရန်
  • တရုတ် အစားစာ / အခြား အစားစာ
  • K.3000-10000
  • K.3000-10000

Excel Crystal Jade Restaurant @ Excel Treasure Hotel ကို အမှတ် - ၅၂၀ ၊ ကမ္ဘာအေးဘုရားလမ်း ၊ Excel Treasure Hotel ၊ ဗဟန်းမြို့နယ် တွင်တည်ရှိပါသည်။ ဟိုတယ်၏ မြေညီထပ်တွင် ဖွင့်လှစ်ထားကာ ခမ်းနားသောအပြင်အဆင် ကျယ်ဝန်းသန့်ရှင်းသော နေရာထိုင်ခင်းများရှိပြီး ကားပါကင် အတွက်လည်း အဆင်ပြေပါသည်။
စားသုံးသူ ဦးရေ ၂၀၀ ယောက်လောက်ဆန့်ကာ မွေးနေ့ပွဲ ၊ ကုမ္မဏီပွဲတွေ လည်းကျင်းပလို့ ရနိုင်ပါသည်။ ဈေးနှုန်းလေးတွေကလည်း ၃၀၀၀ ကျပ်ခန့် မှ စတင်ပြီး ၁၀၀၀၀ ကျပ် လောက်အထိ ရှိကာ တစ်ယောက်စာ ၀၀လင်လင် သုံးဆောင်နိုင်မှာ ဖြစ်ပါသည်။
ဆိုင်ပိတ်ရက် မရှိဘဲ နေ့စဉ် နံနက် ၇ နာရီ မှ ည ၁၁ နာရီ အထိ ဖွင့်လှစ်ထားပါသည်။ ဆိုင်ကိုလည်း ရွှေဂုံတိုင် ၊ ဗဟန်းမြို့နယ် အနီးမှာ ဖွင့်လှစ်ထားတာဖြစ်လို့ သွားရေးလာရေး လွယ်ကူပြီး အဆင်ပြေပြေ ၀င်ရောက်သုံးဆောင်နိုင်မှာပါ။
ဥရောပ အစားအစာ ၊ တရုတ်အစားအစာ ၊ ထိုင်းအစားအစာ ၊ မြန်မာအစားအစာ တို့ကို အဓိကထားရောင်းချပြီး အရက်၊ ဘီယာ၊ ဝိုင်၊ နှင့် အအေး အမျိုးမျိုး တို့ကိုလည်း သုံးဆောင်နိုင်မှာဖြစ်ပါသည်။ ပွဲများပြုလုပ်လျှင်လည်း ဘူဖေးစတိုင် စီစဉ်ပေးသောကြောင့် အစဉ်ပြေပါသည်။
အဓိက ရောင်းအားကောင်းသော နာမည်ကြီး ဟင်းလျာတို့မှာ ပုဇွန်လုံးကြော် ၊ မြန်မာအစားအစာ ၊ ငါးရံ့ဒယ်အိုးဟင်းတို့ ဖြစ်ကြပါသည်။
အစားအသောက်များအားလုံးကို အတွေ့အကြုံရှိ ဝါရင့်စားဖိုမှူးများမှချက်ပြုတ်တည့်ခင်း ဧည့်ခံပေးတာကြောင့် ထူးခြားကောင်းမွန်တဲ့အရသာကိုခံစားရစေမှာဖြစ်ပါသည်။ ဒါ့အပြင် Excel Crystal Jade restaurant သည် Company Party, Group Party, Birthday Party စသော ပွဲအမျိုးမျိုးကိုကျင်းပရန် ကောင်းမွန်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။

Excel Crystal Jade Restaurant

ထောက်ခံချက် အမှတ်အသား