များများဖတ်ရန်
  • အိန္ဒိယ အစားစာ / ထိုင်း အစားစာ / အခြား အစားစာ
  • K.7500-10000
  • K.7500-10000

Esperado Rooftop Bar နှင့် စားသောက်ဆိုင်ကိုတော့ Esperado Hotel ရဲ့  ၉လွှာ မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ Esperado Hotel ကိုတော့ ကန်ရိပ်သာ လမ်း ၊ မင်္ဂတောင်ညွန့် မြို့ နယ်မှာ တည်ရှိပြီး ကျယ်ဝန်း တဲ့ ကားပါကင်လည်းပါရှိပါတယ်။

ခေတ်မှီ စတိုင်ကျ လှပတဲ့ အတွင်းပိုင်း အပြင်ဆင် နှင့် Setting များ ၊ သန့် ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်သော ပတ်ဝန်းကျင် ၊ လေကောင်းလေသန့် လည်း ရရှိနိုင်ပြီး သာယာလှပတဲ့ ရန်ကုန်မြို့ ရဲ့ အလှပများကို အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

ပျှမ်းမျှ ကုန်ကျစရိတ်ကတော့ တစ်ယောက်ကို နေ့ လည်စာ နှင့် ညစာ အတွက် ၅၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် အထိ ကျသင့်နိုင်ပြီး Visa, Master နှင့် MPU ကဲ့သို့ သော Credit Card များဖြင့်လည်း ပေးချေနိုင်ပါတယ်။

ဒီဆိုင်လေးမှာတော့ နိုင်ငံတကာ အစားအစာ များကို ရရှိနိုင်မှာ ဖြစ်ပြီး Buffet Items မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။ သောက်စရာ အတွက် ကော့တေး ၊ အရက် ၊ ဘီယာ ၊ ၀ိုင် ၊ သစ်သီးဖျော်ရည် များနှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါတယ်။ ဟင်းလျာ များ အားလုံးကို တော့ အတွေ့ ကြုံ ရင့်ကျက်သော အိန္ဒိယ စားဖိုမှူး ကြီး မှ ပြင်ဆင်ပေးထားတာ ဖြစ်လို့  နိုင်ငံတကာ အစားအစာ များကို အရသာ မပျက် စားသုံးနိုင်မှာ ဖြစ်ပါတယ်။

ထိုင်းဘူဖေး ၊ အကင် ဘူဖေး ၊ အိန္ဒိယ ဘူဖေး နှင့် Vegetarian ဘူဖေး တို့ ကတော့ လူကြိုက် အများဆုံး အစားအစာ များဖြစ်ကာ အရသာ ပြည့်ဝပြီး ဈေးနှုန်းလည်းသင့်တင့်သောကြောင့် စားဖိုမှူးကြီးများမှ မြည်းစမ်းကြည့်ဖို့ အကြံပြုထားပါတယ်။

ဒါကြောင့် နိုင်ငံတကာ အစားအစာ များကို အရသာ မပျက် စားသုံးချင်တယ် ဆိုရင်တော့ Esperado Hotel ကို သာအရောက်သွားလိုက်ပါ။ လတ်ဆတ်ပြီး အံ့သြဖွယ်ကောင်းတဲ့ အစားအစာ များက လူကြီးမင်းတို့ ကို စိတ်ကျေနပ်မှု့ ရရှိစေမှာပါ။ အထူးသဖြင့် Esperado Rooftop Bar ကတော့ Business Dining များ၊ Family Dining များ ၊ Gathering Party ၊ Birthday Party နှင့် အခြားသော Social Event များကိုလည်း ဈေးနှုန်းသင့်တင့်စွာ ကျင်းပနို်င်တဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

Esperado Roof Top Bar & Restaurant

  • အိန္ဒိယ အစားစာ | ထိုင်း အစားစာ | အခြား အစားစာ
  • ထမင်း နှင့်ဟင်းလျာ | ပီဇာ
  • ခရစ်ဒစ်ကတ်
  • ဆေးလိပ်သောက်ခွင့် | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | ဇိမ်ခံပစ္စည်း | သင်တင့်သောဈေးနှုန်း
  • +959977853701
  • 06:30 AM - 10:30 PM ( ဘာမှမရှိပါ )
  • No.23, 9th floor of Esperado Hotel, Kan Yeik Thar Road, Mingalar Taung Nyunt Township., Yangon.
  • Facebook
  • Web Site
  • 200

ထောက်ခံချက် အမှတ်အသား