များများဖတ်ရန်
  • ထိုင်း အစားစာ
  • K.4500-20000
  • K.4500-20000

Escape Gastro Bar ကိုတော့ ကန်ရိပ်သာ လမ်း ၊ မရမ်းကုန်းမြို့ နယ် ၊ ရန်ကုန် မြို့ တွင် ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပါသည်။

ဆိုင်မှာ ၂ ထပ် အဆောက်ဦးဖြစ်ပြီး ရိုးရှင်းပြီး စတိုင်ကျ လှပတဲ့ ဆိုင်အတွင်း ပိုင်း အပြင်ဆင်များ ၊ သန့် ရှင်းလှပ သေသပ်ပြီး အရသာ ရှိသော အစားအစာ များကို အေးအေး ချမ်းချမ်း စားသုံးနိုင်တဲ့ ဆိုင်ဖြစ်ပါသည်။ အပေါ်ထပ်တွင် ဧည့်သည် ၆၀ ခန့် စားသုံးနိုင်ပြီး အောက်ထပ်တွင် ဧည့်သည် ၁၀၀ ကျော် စားသုံးနိုင်ပါသည်။

ဆိုင်ရဲ့ အဓိက အစားအစာကတော့ ထိုင်းအစားအစာဖြစ်ပြီး ၊ ယူရိုပီယမ် Fusion အစားအစာများ ၊ Tapas Menu Favorite Appetizers, Salad, Thai Contemporary Salads, Soups, Rice, Pasta + Noodle, Sandwiches, Stir+ Fried, Desserts စသည့် Menu များကို ရရှိနိုင်ပါသည်။ သောက်စရာ အတွက်ကတော့ Soft Drinks, Smoothies, Coffee, Tea, Whisky, Beer, Classic/Signature Cocktails နှင့် Tiki Cocktails တို့ ကို ရရှိနိုင်ပါသည်။

ပျှမ်းမျှ ကုန်ကျ စရိတ်ကတော့ နေ့ လည်စာ အတွက် တစ်ဦးလျှင် ၁၀၀၀၀ ကျပ် နှင့် ညစာ အတွက် ၁၅၀၀၀~၂၀၀၀၀ ကျပ်ဆို လုံလောက်ပါသည်။

Vietnamese Summer Rolls, La Phat Thote Sushi Rolls, Prawn Spring Rolls, Crunchy Beef & Onion Rings နှင့် Shrimp Rolls တို့ ကတော့ ဆိုင်ရဲ့ လူကြိုက်အများဆုံး အစားအစာ များဖြစ်ပြီး ဖရဲသီးကော့တေးကတော့ လူကြိုက်အများဆုံး Drink Menu ပဲ ဖြစ်ပါသည်။ ဟင်းလျာများအားလုံးကိုတော့ အတွေ့ ကြုံ ရင့်ကျက်သော ထိုင်းစာဖိုမှူးကြီးများမှ လေ့ကျင့် သင်ကြားထားသော မြန်မာစားဖိုမှူးကြီးများမှပြင်ဆင်ပေးထားသောကြောင့် ထိုင်းအရသာ စစ်စစ်ဟင်းလျာများကို ရရှိနိုင်ပါသည်။

ဒါကြောင့် အရသာ ပြည့်ဝတဲ့ ထိုင်းအစားအစာ များကို စားသုံးချင်တယ်ဆိုရင်တော့ Escape Gastro Bar စားသောက်ဆိုင်လေးကိုသာ အရောက်သွားလိုက်ပါ။ အရသာ ရှိသော အစားအစာ များကတော့လူကြီးမင်းတို့ ကို စိတ်ကျေနပ်မှု့ ရရှိစေမှာ ဖြစ်ပါသည်။ ဒါ့အပြင် ၀န်ထမ်းများမှာလည်း ဖော်ရွေပြီး ၀န်ဆောင်မှု့ လည်းကောင်းမွန်ပါသည်။

အထူး သဖြင့် Escape Gastro Bar ကတော့ နွေးထွေးပြီး သက်တောင့်သက်သာ ရှိသော ဆိုင်ပတ်ဝန်းကျင် နှင့် လေကောင်းလေသန့် လည်း ရရှိနိုင်ပြီး couple dating, business dining နှင့် gathering party များအတွက် အဆင်ပြေပြီး အခြားသော Social Events များကိုလည်း ဈေးနှုန်းသင့်တင့်စွာ ကျင်းပပြု လုပ်နိုင်ပါသည်။

Escape Gastro Bar

  • ထိုင်း အစားစာ
  • ထမင်း နှင့်ဟင်းလျာ
  • ဆေးလိပ်သောက်ခွင့် | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • အဖွဲ့လိုက်၊ပါတီ | စီးပွားရေး လုပ်ငန်းရှင် | ဇိမ်ခံပစ္စည်း
  • +951660737
  • 11:00 AM - 11:59 PM ( ဘာမှမရှိပါ )
  • 31-B, Kan Yeiktha Street, Mayangone Township, Yangon
  • Facebook
  • 200

ထောက်ခံချက် အမှတ်အသား