များများဖတ်ရန်
  • ထိုင်း အစားစာ / ကဖီး / အချိုပွဲ
  • K.5000-15000
  • K.5000-15000

ယခုအခါ Eatfinity မှ ထိုင်းအစားအစာကြိုက်နှစ်သက်သူများအတွက် လသာ ဆိုင်ခွဲကို လသာလမ်း၊ လသာမြို့ နယ်တွင် ထပ်မံ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဆိုင်မှာ ၂ ထပ် ပါရှိပြီး နေ့ စဉ် ဖွင့်လှစ်ထားပါတယ်။ ဆိုင်အပြင်ဆင် စတိုင်ကျလှပ သေသပ်ပြီး ဆိုင်ရဲ့ နံရံ များမှာတော့ လိပ်ပြာပုံ၊ ဇီးကွက်ပုံ နှင့် ရေသတ္တ၀ါပုံလေးတွေကိုရေးချယ်ထားတာက စိတ်ဝင်စားစရာကောင်းပြီး Customers Service လည်းကောင်းမွန်ပါတယ်။ ဆိုင်ရဲ့ အဓိကအစားအစာ ကတော့ ထိုင်းအစားအစာဖြစ်ပြီး ထိုင်းစားဖိုမှူးကြီးများကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။
ဆိုင်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းအစားအစာ များကို ထိုင်းနိုင်ငံသို့ သွားရောက်စားသုံးရန်မလို ပဲ ထိုင်းအရသာ စစ်စစ်ဟင်းလျာများကို ရန်ကုန်မှာ တင်ဈေးနှုန်းသင့်တင်စွာ စားသုံးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဟင်းလျာတိုင်းမှာ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းများကိုတော့ ထိုင်းနိုင်ငံမှ တင်သွင်းထားတာကြောင့် လတ်ဆတ်ပြီး အရသာပြည့်ဝတဲ့ ထိုင်းဟင်းလျာများကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။
ဝက်ဂုတ်သား ကင် ၊ ပြောင်းဖူးထောင်း ၊ ပင်လယ်စာ ဟင်းပွဲ ကြီး၊ ပင်လယ်စာ ခေါက်ဆွဲစွတ်ပြု တ် နှင့် ပင်လယ်စာ ကွေ့ သယို တို့ က တော့ ဆိုင်ရဲ့  လူကြိုက်အများဆုံး ဟင်းလျာများဖြစ်ပြီး စားဖိုမှူး များကိုယ်တိုင် စားသုံးကြည့်ဖို့ အကြံပြုထားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိုပွဲ များ၊ Desserts များ ၊ ရေခဲ မုန့် များ နှင့် Refreshment Juice များကိုလည်း ရရှိနိုင်ပါတယ်။
ဆိုင်ရဲ့ စားသောက်ခန်း မမှာ ဧည့်သည် ၉၀ ခန့် စားသုံးနိုင်ပြီး ၀န်ထမ်းများလည်း ဖော်ရွေကာ ဧည့်ဝတ်ကျေပွန်ပြီး စားသုံးသူများကို စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်။ ဆိုင်ပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်ခြင်း ၊ စတိုင်ကျ လှပတဲ့ အပြင်ဆင်များ က တိတ်ဆိတ် အေးချမ်းစွာ စားသုံးလို သူတွေ အတွက် အထူးသင့်လျော်တဲ့ ဆိုင် တစ်ဆိုင်လည်းဖြစ်ပါတယ်။ ဒါ့ အပြင် ညစာ သီးသန့် စားသုံးလိုသူတွေ အတွက်လည်း အဆင်ပြေစေပြီး Business Dining များ၊ မိသားစု စားပွဲ များ၊ အဖွဲ့ လိုက်ပါတီများ နှင့် မွေး နေ့ ပါတီများကို လည်းကျင်းပနိုင်ပြီး အခြား သော Social Events များကိုလည်း ကျင်းပနိုင်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

Eatfinity Restaurant (Latha Branch)

  • ထိုင်း အစားစာ | ကဖီး | အချိုပွဲ
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ | တုံယမ်း ဟင်းချို | ဟင်းပွဲအသေး | အသုပ် | သစ်သီးဖျော်ရည် | ပင်လယ်စာ | အချိုပွဲ | ရေခဲမုန့် 
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +95 1 382335
  • 11:00 AM - 10:00 PM ( ဘာမှမရှိပါ )
  • No.75, Latha Street, Latha Township, Yangon
  • အနီးအနား မောင်ခိုင်လမ်း မှတ်တိုင် 5 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • Facebook
  • 90

ထောက်ခံချက် အမှတ်အသား